(၂၆)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲလည်း ကျင်းပပြီးစီးသွားခဲ့ပါပြီ။ မြန်မာ အားကစားအဖွဲ့လည်း ထုံးစံအတိုင်းပေါ့ ရွှေ(၁၂)ကနေ(၂၀)ကြား ရရှိတတ်တဲ့ အစဉ်အလာအတိုင်းပဲ ရွှေ(၁၆)ခုနဲ့ နိုင်ငံအလိုက် သတ္တမနေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။
စစ်တုရင်အားကစားနည်းကတော့ SEA Game ပြိုင်ပွဲမှာ တတိယအကြိမ်မြောက် ပါဝင်လာ
ခြင်းလည်း ဖြစ်ပါတယ်။ ၂၀၀၃၊ ၂၀၀၅ နဲ့ ယခု ၂၀၁၁ပါ။
မြန်မာစစ်တုရင်အဖွဲ့အနေနဲ့ကတော့ ပြိုင်ပွဲရဲ့အသင်းဝင်(၆)နိုင်ငံထဲမှာ အားအနည်းဆုံးအသင်း
ထဲမှာ ပါဝင်နေပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင်နဲ့ နီးစပ်တဲ့ Asian Chess တစ်ခုထဲကပဲ ငွေတံဆိပ်ကို ၀င်းဇော်ထွန်း(မြန်မာ)က ရယူပေးခဲ့ပါတယ်။
စစ်တုရင်ပြိုင်ပွဲ အမျိုးအစားပေါင်း(၉)မျိုးမှ ရွှေ၊ငွေ၊ကြေး (၉)ခုစီ ချီးမြှင့်ခဲ့ပါတယ်။အမျိုးအစား
တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။