Saturday, May 14, 2011

မြန်မာ့ရိုးရာ စစ်တုရင်ကစားနည်း အာဆီယံချက်စ်အဖြစ် သတ်မှတ်

မြန်မာ့ရိုးရာ စစ်တုရင်ကစားနည်းကို အာဆီယံ စစ်တုရင် (ASEAN Chess) အဖြစ် သတ်မှတ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် လာမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရိုးရာ စစ်တုရင်သည် အိနိ္ဒယနိုင်ငံမှ ဆင်းသက်လာပြီး ရှေးမြန်မာမင်းများ လက်ထက်က နန်းတွင်း မင်းညီမင်းသား၊ မှူးမတ်များ စစ်တိုက်ရာတွင် ကျွမ်းကျင်လာစေရန် ကစားသော ကစားနည်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြပါရှိပါသည်။ အဆိုပါ မြန်မာ့ရိုးရာ စစ်တုရင်ကစားနည်းသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့ရှိ ရိုးရာ စစ်တုရင် ကစားနည်းတို့နှင့် အနည်းငယ် ဆင်တူကြောင်း၊ ယခုအခါ မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်းမှာ ရန်ကုန်မြို့တွင် ကစားသူ စုစုပေါင်း တစ်ရာနီးပါးသာ ရှိကြောင်း မြန်မာ့ရိုးရာ စစ်တုရင် ကော်မတီထံမှ သိရှိရသည်။

Z.T

မန္တလေးအလင်း ဂျာနယ်
မေလ (၆) ရက်၊ ၂၀၁၁ ခုနှစ်