Sunday, June 5, 2011

စစ်တုရင် ထောင်ချောက် အကွက်များ (အဖွင့်ပိုင်း အမှားများ)

  http://blog.chess.com/komgkyi/content736

 http://blog.chess.com/view/content725
 အထက်ပါ လင့်ခ်များကို ကြည့်ရှုနိုင်ပါသည်။

စစ်တုရင် ကစားရာမှာ လက်ရည်သာတဲ့သူက လက်ရည်နိမ့်တဲ့သူကို စစ်တုရင်အဖွင့်ပိုင်းထောင်ချောက်
(opening traps) နဲ့ ကစားကြတာများပါတယ်…လက်ရည်နိမ့်တဲ့သူအတွက်တော့ ထောင်ချောက်တစ်ခု ပြီးတစ်ခု မိနေတော့တာပဲ။ ဒါကြောင့် လက်ရည်နိမ့်သူတွေကိုလည်း ထောင်ချောက်အကွက်တွေမမိအောင်၊ လက်ရည်ကောင်းသူတွေကလည်း ကောင်းသထက် ကောင်းလာအောင် ဒီစစ်တုရင်အဖွင့် ထောင်ချောက် များကို လေ့လာနိုင်ကြပါစေ။
          အသစ်များလည်း ဒီ pageမှာပဲ ထက်တင်ပေးမှာ ဖြစ်လို့ စစ်တုရင် ၀ါသနာပါသူတိုင်း လေ့လာသင့်တဲ့ အဖွင့်ပိုင်း ထောင်ချောက်အကွက်တွေပါ။
အားလုံးကို ကျေးဇူးတင်လျှက်….

စစ်တုရင်ဒိုင်လူကြီးအဆင့်မြင့်တင်ရေး ပြည်ပမှလာရောက်ပို့ချမည်

ရန်ကုန်၊ ဇွန် ၂
အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာစစ်တုရင်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ပြည်တွင်းဒိုင်လူကြီးသင်တန်း National Arbiterအဆင့်မြှင့်တင်ရေးသင်တန်းကို ၂၀၁၁ ခုနှစ် သြဂုတ်လတွင် အဆင့်မြင့်ဝါရင့်အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးနှစ်ဦးက လာရောက်ပို့ချသင်တန်းပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ ချုပ်မှ ရုံးအဖွဲ့မှူး ဦးမျိုးဇော်မင်း က The Voice Weekly သို့ပြောကြားသည်။
  ယင်းသင်တန်းတွင် ပို့ချမည့် ဆရာမှာ ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်မှ အဆင့်မြင့်ဝါရင့်အပြည်ပြည်ဆိုင်ရာ စစ်တုရင်ဒိုင်လူကြီး International Arbiter နှစ်ဦးက လာရောက်ပို့ချပေးမည်ဖြစ်ကြောင်း ၄င်းကပြောကြား သည်။
  ယင်းသင်တန်းမှ အရည်အချင်းပြည့် မီအောင်မြင်သူများသည် ၂၀၁၃ခုနှစ် မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ၌ အပြည်ပြည်ဆိုင်ရာ ဒိုင်လူကြီးများ ပေါ်ထွက်လာစေရန် စီစဉ်ထားသည့် အပြည်ပြည်ဆိုင်ရာ စစ်တုရင် ဒိုင်လူကြီးသင်တန်း Arbiter Seminarသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း၊ ယင်းသင်တန်းသို့ အဆင့်မြှင့်စစ်တုရင် အားကစားသမားနှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ ချုပ်မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောကြားသည်။


The Voice Weekly

Saturday, June 4, 2011

အိုလံပစ်နေ့ အထိမ်းအမှတ် စစ်တုရင်ပြိုင်ပွဲကျင်းပမည်

ရန်ကုန် ဇွန် ၂
 အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၁ ခုနှစ် အိုလံပစ်နေ့
အထိမ်းအမှတ် ၂၅ မိနစ် အမြန်ရွှေ့ စစ်တုရင်ပြိုင်ပွဲကို ဇွန် ၁၅ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံ အားကစားပြိုင်ပွဲရုံ၌ ကျင်းပမည်ဖြစ်သည်။
 အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် စစ်တုရင်ကစားသမားများသည် ဇွန် ၁၄ ရက်နေ့နောက်ဆုံးထား၍ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် အောင်ဆန်းအားကစားပြိုင်ဝင်းသို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။