ရန်ကုန် ဇွန် ၂
အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၁၁ ခုနှစ် အိုလံပစ်နေ့
အထိမ်းအမှတ် ၂၅ မိနစ် အမြန်ရွှေ့ စစ်တုရင်ပြိုင်ပွဲကို ဇွန် ၁၅ရက်မှ ၁၇ ရက်အထိ ရန်ကုန်မြို့ အောင်ဆန်း အားကစားပြိုင်ဝင်းရှိ မိုးလုံလေလုံ အားကစားပြိုင်ပွဲရုံ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် စစ်တုရင်ကစားသမားများသည် ဇွန် ၁၄ ရက်နေ့နောက်ဆုံးထား၍ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် အောင်ဆန်းအားကစားပြိုင်ဝင်းသို့ စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။