ပထမအကြိမ် နေပြည်တော်တွင် ကျင်းပနေသော Champion Challenge Cup Tournament 2011 စစ်တုရင် ပြိုင်ပွဲ အမျိုးသားပြိုင်ပွဲများ (ရိုးရာနှင့် နိုင်ငံတကာ) ပြိုင်ပွဲများ ကိုစက်တင်ဘာ ၁၆ ရက် နေ့က အားကစားဝန်ကြီးဌာနရုံး စုပေါင်းခန်းမတွင် ကျင်းပပြီးဆုံးခဲ့ကြောင်းသိရသည်။
အပြည်ပြည်ဆိုင်ရာ စစ်တုရင် ပြိုင်ပွဲ (အမျိုးသား) တစ်ဉ်ီးချင်းပြိုင်ပွဲတွင် ကျော်ကျော်စိုး (ရန်ကုန်) က ပထမ၊ လှိုင်မြင့်သူ စစ်တွေ) က ဒုတိယ၊ အောင်မျိုးမင်း (ကျိုင်းတုံကလပ်) က တတိယ ဆုတို့ကို အသီးသီးရရှိခဲ့ပါသည်။ကျော်မျိုး (မော်လမြိုင်) က စတုတ္ထ၊ ကျော်လေးထိုက် (မန္တလေး) က ပဉ္စမ၊ အောင်ဇော်မိုး (ထားဝယ်) က ဆဌမ ဆုတို့ကို ရရှိခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာ စစ်တုရင် ပြိုင်ပွဲ (အမျိုးသား) အသင်း လိုက်ပြိုင်ပွဲတွင်လည်း ပထမ ရန်ကုန်ကလပ်၊ ဒုတိယ မော်လမြိုင်ကလပ် နှင့် တတိယ ကို စစ်တွေကလပ် ကရရှိခဲ့ကြောင်း သိရပါသည်။ ထပ်မံယှဉ်ပြိုင်သော ပြိုင်ပွဲများဖြစ်သော မြန်မာ့ရိုးရာ စစ်တုရင် (အမျိုးသား) တစ်ဦးချင်းပြိုင်ပွဲတွင် မောင်မောင်လတ် (ရန်ကုန်ကလပ်) က ပထမ၊ ငြိမ်းချမ်း (ပုသိမ်ကလပ်) က ဒုတိယဆုနှင့် နေဦးကျော်ထွန်း (မန္တလေးကလပ်) က တတိယဆု တို့ကို အသီးသီးရရှိခဲ့ပြီး မြန်မာ့ရိုးရာ စစ်တုရင် (အမျိုးသား) အသင်းလိုက်ပြိုင်ပွဲတွင် ရန်ကုန်ကလပ်က ပထမ၊ ပုသိမ် ကလပ်က ဒုတိယဆုနှင့် မန္တလေးကလပ် က တတိယဆုတို့ကို ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။
၁။ ပြိုင်ပွဲကျင်းပမည့်စနစ်
အပြည်ပြည်ဆိုင်ရာ စစ်တုရင် (ကျား) (မ) ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ စစ်တုရင် (ကျား) ပြိုင်ပွဲများကို တစ်ဦးချင်းနှင့် အသင်းလိုက် တစ်ပြိုင်နက်တည်း အရောပုံစံဖြင့် ပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲဝင် အသင်းတစ်သင်းစီမှ အားကစားသမား နှစ်ဦး၏တစ်ဦးချင်းရရှိသော အဆင့်ပေါင်းလဒ်ကို အသင်းလိုက်အတွက် တွက်ချက်မည်။ အဆင့်ပေါင်းလဒ် အနည်းဆုံးသည် ပထမဖြစ် သည်။
အဆင့်ပေါင်းလဒ်အနည်းဆုံးသည် ပထမဖြစ်သည်။ အဆင့်ပေါင်းလဒတူညီပါက တစ်ဦးချင်း အဆင့်မြင့်မားသောသူသည် အနိုင်ဖြစ်သည်။
(က) အပြည်ပြည်ဆိုင်ရာ စစ်တုရင် (ကျား) ပြိုင်ပွဲကို (၇) ချီ ဆွစ်စနစ်ဖြင့် ပြုလုပ်မည်။
(ခ) အပြည်ပြည်ဆိုင်ရာ စစ်တုရင် (မ) ပြိုင်ပွဲကို (၅) ချီ ဆွစ်စနစ်ဖြင့်ပြုလုပ်မည်။
(ဂ) မြန်မာ့ရိုးရာ စစ်တုရင် (ကျား)ပြိုင်ပွဲကို (၇) ချီ ဆွစ်စနစ်ဖြင့် ပြုလုပ်မည်။
၂။ ပွဲစဉ်နှင့် အချိန်စာရင်း
သီးသန့်ကြေငြာထားပါသည်။ စောင့်ဆိုင်းချိန် (မိနစ် ၃၀) ဖြစ်သည်။

၃။ စစ်တုရင်နာရီ
ကစားခုံများအားလုံးကို စစ်တုရင်နာရီဖြင့် ကစားစေမည်ဖြစ်၍ သတ်မှတ်ထားသည့် ပွဲစတင်ချိန်တွင် အဖြူသမား နာရီကို ဖွင့်ထားမည်ဖြစ်သည်။
၎။ ရွှေ့ချိန်ကန့်သတ်ချက်
(၁) နာရီပွဲပြတ်+ အပိုဆောင်းချိန် စက္ကန့် (၃၀)။ ရွှေ့ကွက် တစ်ကွက်ရွှေ့တိုင်း စက္ကန့်(၃၀) ပြန်လည်တိုးပေးပါသည်။
၅။ ရွှေ့ကွက်မှတ်တမ်း
အပိုဆောင်းချိန် ပါရှိသည့်အတွက် ရွှေ့ကွက်မှတ်တမ်းကို ပွဲပြီးဆုံးသည်အထိ တစ်ကွက်ချင်းရေးမှတ်ရမည်ဖြစ်သည်။
၆။ စစ်တုရင်ဥပဒေ
အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲများအတွက် ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် လက်စွဲ (၂၀၀၀) နှင့် အညီကစားစေမည်ဖြစ်သည်။ မြန်မာ့ရိုးရာစစ်တုရင် ပြိုင်ပွဲအတွက်မြန်မာ့ရိုးရာ စစ်တုရင်
ဥပဒေများ
(၂၀၀၁) နှင့်အညီ ကစားစေမည်ဖြစ်သည်။
၇။ အချိန်ဖြင့် အနိုင်/ အရှုံး
အပိုဆောင်းချိန်ပါရှိသည့်အတွက် အချိန်ကုန်ဆုံးလျှင် အရှုံးဖြစ်သည်။ အောက်ပါဥပဒေဖြင့်သာ ဒိုင်အားသရေတောင်းဆိုခွင့်ရှိသည်။
(က) ခွေမစဲ
(ခ) ရွှေ့ကွက် (၅၀) ဥပဒေ
၈။ သရေဖြတ်စနစ်
အနေအထား နိမ့်မြင့် စိစဉ်ရန်အတွက် ရမှတ်ပေါင်းတူညီနေလျှင် အောက်ပါအစီအစဉ်အတိုင်း သရေဖြတ်မည်။
(က) Buchloz System
(ခ) Medium of Buchoz
(ဂ) Sonne /born System
မှတ်ချက်။ ။ တွက်ချက်မှုများသည် Swiss Manager ၏ တွက်ချက်မှု အတိုင်းသာဖြစ်သည်။
၉။ အငြင်းပွားဖွယ်ရာကိစ္စရပ်များ
မည်သည့်အကြောင်းကြောင့်ဖြစ်စေ၊ အငြင်းပွားဖွယ်ရာ ကိစ္စများပေါ်ပေါက်လာပါက ဒိုင်ကိုချက်ချင်းခေါ်ယူရမည်ဖြစ်ပြီး၊ ဒိုင်၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်သည်။