Thursday, February 23, 2012

Myanmar Chess Open 2012

http://myachess.blogspot.com/2012/02/normal-0-false-false-false-en-us-x-none.html မှ ကူးယူဖော်ပြအပ်ပါသည်။

Thursday, February 23, 2012

MYANMAR OPEN 2012 ( 25 Jan - 03 Feb, 2012 )

       In order to select the players for National Championship 2012, this open tournament played a vital role as the qualifying event. There were 146 players competing for 10 qualified spots and a new face came out as the winner.

Congratulation Htay Min Lwin!

FIDE Trainers' Seminar in Yangon, Myanmar - RESULTS

http://myachess.blogspot.com/2012/02/fide-trainers-seminar-in-yangon-myanmar.html မှ ကူးယူဖော်ပြအပ်ပါသည်။

Thursday, February 23, 2012


FIDE Trainers' Seminar in Yangon, Myanmar

Below is the one published in the FIDE web site.
Congratulation all!

FIDE Trainers' Seminar in Yangon, Myanmar - RESULTS
Monday, 23 January 2012
FIDE Trainers’ Seminar for FIDE Trainer Titles Yangon, 13-18.01.2012

Dear Participants,
Here are the results (FIDE Titles) that we decided that they should be distributed to you. In order to finalize our decisions we took into consideration your ID-Cards and the valuable info you provided and further one that we were able to collect, your general behavior and attendance during the seminar and of course the written exams.
No. Name FED Award
1. Aung Aung (a) Aung Myo Hlaing MYA NI
2. Khin Ko MYA NI
3. Kyaw Kyaw Soe MYA NI
4. Kyaw Myint MYA DI
5. Mok Tze Meng MAS FT
6. Mynn Htoo MYA NI
7. Myo Myint MYA DI
8. Myo Naing MYA FI
9. Myo Zaw Min MYA FI
10. Nan M K Khine Hlyan MYA FI
11. Nay Oo Kyaw Tun MYA FI
12. Nay Win MYA DI
13. Tha Zan MYA DI
14. Than Min Hlaing MYA DI
15. Thet Htet Saw Aung MYA DI
16. Tin Lay Shwe MYA FI
17. Zaw Oo MYA NI
18. Zaw Win MYA DI
19. Zaw Win Lay MYA FT
20. Zin Mar Min Than MYA FI
The Lecturers,
Ignatius Leong
Eric Gloria

Tuesday, February 21, 2012

စစ်တုရင်ကစားနည်းဆိုတာ


21-Feb-2012 (Tue)
ခေတ်စားလာခြင်း
ကမ္ဘာ့စစ်တုရင်အကြောင်းကို သိသင့်တယ်လို့ ယူဆမိတာကြောင့် ရေးဖြစ်တာပါ။ စစ်တုရင်သမိုင်း၊ အမှတ်ပေးစနစ်၊ ပြိုင်ပွဲကျင်းပနည်း စသဖြင့်ပေါ့။
          စစ်တုရင်ဆိုတာ ဂိမ်းတစ်ခုပါ။ ယခုအခါမှာတော့ အားကစားတစ်ရပ်လို ဖြစ်လာနေပါပြီ။ ကမ္ဘာ့စစ်တုရင်အိုလံပစ်နှင့် ကမ္ဘာကျော် စူပါဂရင်းမာစတာပြိုင်ပွဲကြီးများကြောင့်လည်း ပါတယ်။ ယနေ့အချိန်လို အင်တာနက်ပေါ်ကနေ Online Chess Playing တွေခေတ်စားလာတာရယ်၊  အရှေ့တောင်အာရှ အားကစားပွဲတော်မှာ (၃)ကြိမ် (၂၀၀၃၊၂၀၀၅၊၂၀၁၁)တိတိ ထည့်သွင်းလာတာရယ်၊ ၂၀၀၆ခုနှစ် ကာတာနိုင်ငံတွင်ကျင်းပသော အာရှအားကစားပွဲတော်မှာ ပါဝင်လာတာရယ်၊ (၂၀၁၀ အာရှအားကစားပြိုင်ပွဲ နဲ့ နောက်ကျင်းပမည့်၂၀၁၄ အာရှအားကစားပွဲတောတွေမှာတော့ ပါဝင်လာခြင်းမရှိတော့ပါ) ၂၀၁၃ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်  (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်မှာ စစ်တုရင်အားကစားနည်းများ(အပြည်ပြည်ဆိုင်ရာစစ်တုရင်နှင့် အာဆီယံစစ်တုရင်) ပါဝင်လာမယ်လို့ သိရတဲ့အတွက် တစ်စထက်တစ်စ နယ်ပယ်ကျယ်ဝန်းလာခဲ့ပါတယ်။ စစ်တုရင်လို့ ပြောလိုက်တာနဲ့ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်အကြောင်း စပြောရတော့မှာပါ။

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်
ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် ဖီဒဲ (FIDE) (Fédération Internationale des Échecs) ကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ၁၉၂၄၊ဇူလိုင်လ(၂၄)ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။ ပြင်သစ်အမည်(FIDE) နဲ့ဖွဲ့စည်းခဲ့ပြီး ယနေ့အချိန်ထိလည်း အဆိုပါနာမည်နဲ့ပဲ လူသိများပါတယ်။ (WCF – World Chess Federation) ဆိုတဲ့ နာမည်နဲ့လည်း လူသိများပါသေးတယ်။
ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌကတော့ Kirsan Ilyumzhinov (the President of the Republic of Kalmykia) ဖြစ်ပါတယ်။ သူ့ရဲ့နိုင်ငံနဲ့ သူ့ကိုတော့ ဥရောပရဲ့ ဗုဒ္ဓဘာသာတည်ထောင်သူလို့ လူသိများပါတယ်။ သူကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။ ဥက္ကဋ္ဌတာဝန်ကိုတော့ ၁၉၉၅ခုနှစ် မှ ယနေ့အချိန်ထိ တာဝန်ယူထားပါတယ်။

Saturday, February 18, 2012

နိုင်ငံတကာအဆင့် မြန်မာ့ရိုးရာစစ်တုရင် ပြိုင်ပွဲ

     အာဆီယံ ဒေသတွင်းသာမက၊ အာရှနှင့် ဥရောပနိုင်ငံများမှပါ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့ ရိုးရာ စစ်တုရင် International Open ပြိုင်ပွဲကို မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်မှ ကြီးမှူး၍ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၅ ရက်မှ ၁၂ ရက်နေ့တွင်ပထမဆုံး အကြိမ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲကို ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ ဖူးသည့် ဖိလစ်ပိုင်မှ မစ္စတာ တင်ဘိုမီးနိစ်အား ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး၊ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း၊ နိုင်ငံတကာမှ လာရောက် ယှဉ်ပြိုင်သူများ အားလုံးကို လက်ခံ၍ ပြိုင်ပွဲ ခန်းမ အခက်အခဲ မရှိပါက ပြည်တွင်း၊ ပြည်ပ ပြိုင်ပွဲဝင် အားလုံးကို လက်ခံ သွားမည်ဟု သိရသည်။ ၄င်းပွဲတွင် အာဆီယံနိုင်ငံ ၁ဝ နိုင်ငံ အပြင် လာရောက် ယှဉ်ပြိုင် နေကျ ဖြစ်သော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)၊ ရုရှား စသည့် နိုင်ငံများနှင့် ဥရောပ နိုင်ငံများ ဖြစ်သည့် ဖင်လန်၊ ဂျာမနီ၊ အင်္ဂလန် နိုင်ငံ များမှလည်း ပြိုင်ပွဲ ဝင်ကြမည် ဖြစ်ကြောင်း သိရသည်။ ”ဒီလို နိုင်ငံတကာ အဆင့် ပွဲမျိုးကို မြန်မာနိုင်ငံမှာ ပြုလုပ်တာ ပထမဆုံး အကြိမ်ပါ။ နေရာ ကိုတော့ လောလောဆယ် Central Hotel မှာ လျာထား ပါတယ်။ အဲဒီမှာ ပြိုင်ပွဲဝင် ၂ဝဝ လောက် ဆန့်နိုင်တယ်” ဟု မြန်မာ့ ရိုးရာ စစ်တုရင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြောသည်။ ထိုပွဲ၌ အနိုင်ရသူ များကို ပထမဆု ဒေါ်လာ ၃ သောင်း၊ ဒုတိယဆု ဒေါ်လာ ၁၅ဝဝ၊ တတိယဆု ဒေါ်လာ ၁ဝဝဝ နှင့် ကျန်ရှိသည့် ဆုများ အပါအဝင် ဒေါ်လာ စုစုပေါင်း တစ်သောင်း ပြည့်အောင်
ပေးသွားမည် ဖြစ်ပြီး ယင်းပြိုင်ပွဲ များ ဆက်လက် ပြုလုပ် ဖြစ်ပါက ရန်ပုံငွေ အနေ အထားအရ ပြောင်းလဲ ချီးမြှင့်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ စစ်တုရင်နည်းပြ သင်တန်းဆင်းပွဲ

     19 Jan, 2012
     အပြည်ပြည်ဆိုင်ရာ စစ်တုရင် နိုင်ငံတကာနည်းပြ သင်တန်းဆင်းပွဲနဲ့ အောင်ပွဲရစစ်တုရင် အားကစား သမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ ကျင်းပပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ အခမ်းအနားကို မနေ့က နေ့လည်မှာ ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်၌ ကျင်းပပေးခဲ့ တာဖြစ်ပြီး မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်လွင်နဲ့ အဖွဲ့ဝင်များ၊ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၊ မစ္စတာလီယွန်၊ သင်တန်းသားများနဲ့ အင်ဒိုနီးရှား ဆီးဂမ်းပြိုင်ပွဲဝင် ကစားသမားများ တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် မှာတော့ နိုင်ငံတာ စစ်တုရင်နည်းပြ သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။


    
     သင်တန်းဆင်း လက်မှတ်များကို ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ် အတွင်းရေးမှူးနဲ့ အာဆီယံ စစ်တုရင်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ လီယွန်က ပေးအပ်ခဲ့တာဖြစ်ပြီး၊ အင်ဒိုနီးရှား ဆီးဂမ်း စစ်တုရင်ပြိုင်ပွဲ တွင် ငွေတံဆိပ် နဲ့ ကြေးတံဆိပ်ရရှိခဲ့သော စစ်တုရင်ကစားသမား ၀င်းဇော်ထွန်းနဲ့ ကျော်လင်းနိုင် တို့ကို မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

     အဆိုပါ အပြည်ပြည်ဆိုင်ရာ စစ်တုရင် နိုင်ငံတကာနည်းပြ သင်တန်းကို အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်နဲ့ ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်တို့မှ ပူးပေါင်း သင်ကြားပေး ခဲ့တာဖြစ်ပြီး သင်တန်းသား၂၂ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ သင်တန်းသားများထဲတွင် မလေးရှား သင်တန်းသားတစ်ဦးနဲ့ အမျိုးသမီးသင်တန်းသား၃ဦး ပါဝင်ခဲ့ကြောင်းကိုလည်း သိရပါတယ်။

     နိုင်ငံတကာ စစ်တုရင် နည်းပြသင်တန်းကို ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်း သင်ကြားပေးခဲ့ပြီး နောက် မှာတော့ မြန်မာနိုင် ငံသား နိုင်ငံတကာ စစ်တုရင်နည်းပြ ၂၀ဦးခန့် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး၊ နောက်ထပ် နိုင်ငံတကာအဆင့် စစ်တုရင် နည်းပြများ ထွက်ပေါ် လာဖို့အတွက် နောက်ထပ်သင်တန်းများကိုလည်း မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်မှ ထပ်မံသင်ကြားပေးသွားမှာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။

http://www.mrtv4.net.mm

မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲ (၂၀၁၂ခုနှစ်)

16 Feb, 2012
      ၂၀၁၂ မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လည် (၁) နာရီ အချိန်က ရန်ကုန်မြို့ သိမ်ဖြူ အားကစားခန်းမမှာ   ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင် နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ တို့ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲဟာ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၃ ရက်အထိ ၉ ရက် ကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနား အပြီးမှာ ပြိုင်ပွဲရဲ့ ပထမနေ့ ပွဲစဉ်အတွဲများကို ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင် ပြိုင်ပွဲကို အမျိုးသမီး ပြိုင်ပွဲဝင် ၁ ဦး အပါအ၀င် ပြိုင်ပွဲဝင် ကစားသမားပေါင်း ၄၆ ဦး ၀င်ရောက်ယှဉ်ပြိုင် နေတာဖြစ်ပြီး ပြိုင်ပွဲကို ဆွစ်စနစ်ဖြင့် ကျင်းပပေးတာလည်း ဖြစ်ပါတယ်။


      ပြိုင်ပွဲဝင် အတွဲ ၂၃ တွဲဟာ တစ်ပွဲနိုင်လျှင် တစ်မှတ် ရရှိမှာဖြစ်ပြီး သရေကျလျှင် အမှတ်ဝက် ရရှိမှာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင် အားကစားဟာ ရှေးမြန်မာတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်တာကြောင့်မပျောက်ပျက်အောင် ထိန်းသိမ်းရန်နှင့် မြန်မာ့ရိုးရာ စစ်တုရင် အားကစားနည်း ပြန့်ပွားစေရန် ရည်ရွယ်ပြီး အခုလို ပြိုင်ပွဲတွေကို ကျင်းပပေး နေရတာလည်း   ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ ပွဲစဉ်များနှင့် ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါသည်။
      မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ထည့်သွင်းကျင်းပမယ့် စစ်တုရင် ပြိုင်ပွဲကို မြန်မာ့ရိုးရာ အားကစား ပြန့်ပွားစေရန်အတွက် ရည်ရွယ်ကျင်းပမှာဖြစ်ပြီး ထူးချွန်သူ များအတွက် ဆုကြေးငွေ ၅ သိန်းခန့် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
       ပြိုင်ပွဲကို နေ့စဉ် တစ်နာရီမှ စတင် ကျင်းပသွားမယ့် အဆိုပါ ပြိုင်ပွဲကို ချီဆွစ် စနစ်ဖြင့် ကျင်းပ သွားမှာဖြစ်ကြောင်း သိရှိရပြီး ဒီပြိုင်ပွဲမှ ထူးချွန်သူများကို မြန်မာ့ရိုးရာ စစ်တုရင်လက်ရွေးစင် အသင်းအတွက် ပဏာမကစားသမား အဖြစ်ရွေးချယ် သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။  ဒါ့အပြင် ယခုပြိုင်ပွဲမှ လက်ရည်စစ် အောင်မြင်သူများဟာ ၂၀၁၂ ခုနှစ်အတွင်း ကျင်းပမယ့် မြန်မာ့ရိုးရာ စစ်တုရင် တံခွန်စိုက် ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။
       လက်ရှိ ချန်ပီယံကတော့ မောင်မောင်လတ် ပဲ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင် တစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲကို တစ်နှစ်ကို ၃ ကြိမ်ခန့် ပုံမှန်ကျင်းပ နေတာဖြစ်ပြီး အခု ကျင်းပမယ့် ပြိုင်ပွဲဟာ ယခုနှစ်အတွက် ပထမဆုံး ပြိုင်ပွဲလည်း ဖြစ်တယ်လို့ သိရပါသည်။


Friday, February 17, 2012

London Chess Classic 2011

London Chess Classic ပြိုင်ပွဲကျင်းပခဲ့တာ (၃)ကြိမ်မြောက်ခဲ့ပါပြီ။ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ ပါ။
လန်ဒန်မြို့ Olympia Conference Centre မှာ ၂၀၁၁၊ ဒီဇင်ဘာ၊ ၃-၁၂ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့အဆင့်စစ်တုရင်ကစားများဖြစ်တာနဲ့အညီ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
ဒီပြိုင်ပွဲမှာ အိမ်ရှင် အင်္ဂလန်နိုင်ငံသား (၄)ဦး၊ ကမ္ဘာ့နံပါတ် (၁)၊ (၂)၊ (၃)၊ (၄) အဆင့် (၄)ဦး၊ အမေရိကန်ချန်ပီယံ (၁)ဦး စုစုပေါင်း(၉)ဦးယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါ (၉)ဦးကတော့...
  • Viswanathan Anand, world champion and number two in the world rankings
  • Magnus Carlsen, number one in the world rankings
  • Levon Aronian, number three in the world rankings
  • Vladimir Kramnik, former world champion (2000-2007) and world number four
  • Hikaru Nakamura, US number one
  • Michael Adams, British champion and English number one
  • Nigel Short, former world championship finalist and English number two
  • Luke McShane, English number three
  • David Howell, English number four

Final Crosstable
 
Name Rating                   Pnt/gms Perf
    1 2 3 4 5 6 7 8 9    
1 Kramnik 2800 X 1 1 3 1 1 3 3 3 16.0 / 8 2935
2 Nakamura 2758 1 X 0 1 3 3 1 3 3 15.0 / 8 2888
3 Carlsen 2826 1 3 X 1 1 1 1 3 3 14.0 / 8 2879
4 McShane 2671 0 1 1 X 1 1 3 3 3 13.0 / 8 2853
5 Anand 2811 1 0 1 1 X 1 3 1 1 9.0 / 8 2740
6 Aronian 2802 1 0 1 1 1 X 3 1 1 9.0 / 8 2741
7 Short 2698 0 1 1 0 0 0 X 1 3 6.0 / 8 2613
8 Howell 2633 0 0 0 0 1 1 1 X 1 4.0 / 8 2570
9 Adams 2734 0 0 0 0 1 1 0 1 X 3.0 / 8 2499   

အဆိုပါပြိုင်ပွဲရဲ့ (၂)နှစ်ဆက်တိုက်ချန်ပီယံ ကမ္ဘာ့နံပါတ်(၁) ကစားသမား ကာလ်စန်(Carlsen) ကတော့ တတိယနေရာတာ ရရှိသွားပါ
တယ်။ ဗိုလ်စွဲသွားသူကတော့ ရုရှားနိုင်ငံသား ကရမ်းနစ် (Kramnik) ပဲဖြစ်ပါတယ်။ အိမ်ရှင်အင်္ဂလန်နိုင်ငံရဲ့ နံပါတ်(၁) ကစားသမား
မိုက်ကယ်အဒမ် (Adams) ကတော့ နောက်ဆုံးနေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ 
     ဒီ Tournament ပြိုင်ပွဲရဲ့ ပွဲစဉ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်....မြန်မာစစ်တုရင် ၀ါသနာရှင်ကစားသမားများ တိုးတက်ကြပါစေလို့ ဆုမွန်ခြွေလျှက်...။













အဖွင့်ပိုင်းထောင်ချောက် ၇၀၀

ဒါလေးကတော့ စစ်တုရင်အဖွင့်ပိုင်းထောင်ချောက် ၇၀၀ ပါ ပါတယ်။ pdf file နဲ့ပါ။ ဒီမှာနှိပ်ပါ။


Wednesday, February 8, 2012

Myanmar to select traditional chess players for coming SEA Games

2012-02-08
YANGON, February1 (Xinhua) -- Myanmar Chess Federation will choose the outstanding traditional chess players for the coming 27th Southeast Asian Games to be hosted in Theinphyu stadium this month, according to Myanmar Chess Federation on Wednesday.

The chess tournament is scheduled to take place from February 15 to 23.

At least eight chess players who qualified in the qualifier will be allowed to participate in the National Chess Championship and the outstanding players of the championship will be chosen as selected players for the 27th SEA Games.

"So far, with one grand master (GM), U Zaw Min, and 5 international masters, nearly 150 players mainly played professional chess players in Yangon," a spokesperson of the MCF told Xinhua.

There are four levels in playing Chess games -- Grand Master (GM), International Master (IM) , FIDE(Federation Internationale des Echecs) Master (FM) and Candidate Master.

Myanmar will add five categories of traditional chess in the 27th SEA Games.