Tuesday, October 25, 2011

ပဲခူးတိုင်းဒေသကြီး(၄)ခရိုင်စစ်တုရင်လူရွေးပွဲကျင်းပ

      ရန်ကုန်၊ အောက်တိုဘာ(၂၄)ရက်။    
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပပြု လုပ်မည့် (၃၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲတွင် အောင်မြင်ထူးချွန်စွာ ပြိုင်ပွဲဝင်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသ ကြီး(၄)ခရိုင် စစ်တုရင်လူရွေးပွဲကို အောက်တိုဘာ(၁၈)ရက်နေ့မှ (၁၉)ရက်နေ့အထိတိုင်းဒေသကြီး အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များမှ ပြိုင်ပွဲဝင်ကစားသမား(၃၀)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (၃၆)ကြိမ်မြောက်တိုင်းဒေသကြီး နှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲအတွက် ပဲခူးခရိုင်မှ ကစားသမား (၅)ဦးတောင်ငူ ခရိုင်မှကစားသမား(၃)ဦး၊ ပြည်ခရိုင်မှ ကစားသမား(၄)ဦးနှင့် သာယာဝတီခရိုင်မှ ကစားသမား(၃)ဦးတို့အားရွေးချယ်ခဲ့ကြောင်းသတင်းရရှိသည်။