Saturday, May 7, 2011

ဂရင်းမာစတာ ဖြစ်ရန် လိုအပ်ချက်များ...

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံသူများကို ဂရင်းမာစတာဘွဲ့ ပေးအပ်
ပါသည်။ ဂရင်းမာစတာဖြစ်ရန် လိုအပ်ချက်မှာ အောက်ပါတို့အနက် တစ်ခုခုနှင့် ကိုက်ညီရမည် ဖြစ်သည်။
၁။ အနည်းဆုံး (၂၄)ပွဲ စုစုပေါင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲများ ဂျီအမ်စံနှုန်း (GM Norm) ၂ခု (or) ၂ခုထက်
ရရှိသူ ဖြစ်ရပါမည်။
ပထမဦးဆုံး ဂျီအမ် စံနှုန်းရသည့် နေ့စွဲမှ (၇)နှစ်အတွင်း ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်မှထုတ်ပြန်သည့် စံနှုန်းစာရင်း
တွင် (၂၅၀၀)နှင့် အထက်ရှိရမည်။

၂။ ကမ္ဘာ့စစ်တုရင် ချန်ပီယံလုပွဲအတွက် ကင်ဒီဒိတ်အဆင့်ရောက်ရှိသူ

၃။ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အင်တာဇုံနယ်ပြိုင်ပွဲ တစ်ခုခုတွင် ဂျီအမ်စံနှုန်း တစ်ခုရရှိသူ

၎။ အမျိုးသမီး ကမ္ဘာ့ချန်ပီယံလုပွဲတွင် အနိုင်ရသူ

၅။ ကမ္ဘာ့လူငယ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် လွတ်လွတ်ကျွတ်ကျွတ် ဗိုလ်စွဲသူ

၆။ အိုလံပစ် ပြိုင်ပွဲတွင် (၁၃)ပွဲကစားပြီး ဂျီအမ်စံနှုန်း ရရှိသူ တို့ ဖြစ်သည်။