Wednesday, December 19, 2012

Yangon International Chess Open 2011 ဓာတ်ပုံများ

ရန်ကုန် အင်တာနေရှင်နယ် အိုးပင်း စစ်တုရင်ပြိုင်ပွဲ ၂၀၁၁ခုနှစ်ရဲ့ ဓာတ်ပုံတွေပါ။ ဒီမှာနှိပ်ပြီးဒေါင်းပါ။














 ပေးပို့သူ :  ကိုဇော်ကြီး(မန္တလေး)အား ကျေးဇူးအထူးတင်ရှိပါသည်။

ကမ္ဘာ့နံပါတ်(၁) Carlsen ရဲ့ ပွဲစဉ်များ

ဒီမှာနှိပ်ပြီး ဒေါင်းပါ။

Caro Kann Classic

ဒီမှာနှိပ်ပြီး ဒေါင်းပါ။

Sozin Attack

ဒီမှာနှိပ်ပြီး ဒေါင်းပါ။

The Three Key Endgame Skills, Pawn Endings, Knight Endings

ဒီမှာနှိပ်ပြီး ဒေါင်းပါ။

1001 Deadly Checkmates

ဒီမှာနှိပ်ပြီး ဒေါင်းပါ။

Chess Lessons

ဒီမှာနှိပ်ပြီး ဒေါင်းပါ။

World Chess Championship 2012

ဒီမှာနှိပ်ပြီး ဒေါင်းပါ။

Sicilian Scheveningen

ဒီမှာနှိပ်ပြီး ဒေါင်းပါ။

Final Theory of Chess

ဒီမှာနှိပ်ပြီး ဒေါင်းပါ။

Chess Ending For Beginners

ဒီမှာနှိပ်ပြီး ဒေါင်းပါ။

အဖွင့်ပိုင်းထောင်ချောက် ၇၀၀

ဒီမှာနှိပ်ပြီး ဒေါင်းပါ။

Tuesday, December 18, 2012

အင်တာနက်ပေါ်မှ မြန်မာ့ရိုးရာ စစ်တုရင်

ရှေးမြန်မာ ဘုရင်များ လက်ထက် က တွင်ကျယ်စွာ ကစားခဲ့တဲ့ မြန်မာ စစ်တုရင် ကစားနည်း ကို ဒီနေ့မှာတော့ အင်တာနက်ပေါ်မှာ ကစားလို့ရနေပါပြီ။ အခုခေတ်မှာတော့ ဒီကစား နည်းကို ကစားလေ့ မရှိတော့ ရုံမက ကစား နည်းတောင် မသိကြတော့ သူတွေကိုလည်းတွေ့မြင် လာရ ပါတယ်။
လူသိပ် မသိတော့တဲ့ မြန်မာ့ရိုးရာ ဓလေ့တစ်ခု အခုလို အွန်လိုင်းပေါ်မှာ တစ်ယောက် နဲ့တစ်ယောက် ကစားလို့ရတဲ့ Application တစ်ခုအဖြစ် ပေါ်ထွက် လာတာ ဖြစ်ပါတယ်။
မြန်မာ စစ်တုရင်နဲ့ Chess ဘာကွာလဲဆိုတာ ကိုတော့ အဆိုပါ ဆိုက်ရဲ့ Facebook စာမျက်နှာမှာ ရှင်းပြ ထားပါတယ်။ ဒီ Application မှာ ကစားနည်း ကို ပုံလေးတွေနဲ့ နားလည်လွယ်အောင် ရှင်းပြထားတာတွေ့ရပါတယ်။ ကစား နည်းရှင်းပြချက်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရှင်းပြပေးထားပါတယ်။ ဂိမ်းအရုပ်လေးတွေကို 2D သို့မဟုတ်3D ရွေးချယ်ကြည့် ရှုနိုင်ပါတယ်။ အခြား သော Facebook Application Game များလို Flash နည်းပညာ အသုံးပြုထား ပါတယ်။
ဒီဂိမ်းနဲ့ပတ်သက်ပြီးhttp:// www.facebook.com/pages/ Myanmar -Sittuyin-Online-Game/တွင် ဖတ်ရှု၊ အကြံပြု ဆွေးနွေးနိုင်ပြီး ကစားကြည့် ချင်တယ် ဆိုရင်တော့ http://www. sittuyin.com မှာ ဝင်ရောက်ကစားနိုင် သလို facebook မှာဆိုရင်တော့ http://apps.facebook.com/ sittuyin/ မှာ ကစားနိုင်ပါတယ်။

Source: http://www.myawady.com.mm

(၂၇)ကြိမ်မြောက် ဆီးဂိမ်း စစ်တုရင် ကစားနည်း အောင်ပွဲရရေး ကြိုတင်လေ့ကျင့် ပြင်ဆင်

(၂၇)ကြိမ်မြောက် ဆီးဂိမ်း စစ်တုရင် ကစားနည်း အောင်ပွဲရရေး ကြိုတင်လေ့ကျင့် ပြင်ဆင်

Written by   
      
ရန်ကုန် ဒီဇင်ဘာ ၁၃
အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း) များကို ၁၉၅၉ ခုနှစ်မှစ၍ ကျင်းပ လာခဲ့ရာ ယခု (၂၇) ကြိမ်မြောက် ဆီးဂိမ်းကို မြန်မာ နိုင်ငံတွင် လက်ခံ ကျင်းပမည် ဖြစ်သည်။
အောင်ဆန်း အားကစား ပြိုင်ဝင်းရှိ  မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်၌ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၅ ဦး စက်တင်ဘာ ၁ ရက်မှစ၍  စခန်းဝင် လေ့ကျင့်လျက် ရှိသည်။
(၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင် စစ်တုရင် အားကစားနည်း ငါးမျိုး ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ရာ အပြည်ပြည် ဆိုင်ရာ စစ်တုရင်၊ ကျပန်း စစ်တုရင်၊ အမြန်ရွှေ့ စစ်တုရင်၊ အာဆီယံ စစ်တုရင်နှင့် မြန်မာ့ရိုးရာ စစ်တုရင် အားကစား နည်းတို့ဖြစ်ကြောင်း သိရသည်။

Wednesday, July 25, 2012

အာဆီယံနိုင်ငံများ တက္ကသိုလ်/ကောလိပ် စစ်တုရင်ပြိုင်ပွဲ

     အာဆီယံနိုင်ငံများ တက္ကသိုလ်/ကောလိပ် စစ်တုရင်ပြိုင်ပွဲကို ဇူလိုင်(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ နည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ညီလှိုင်စိုးက အမျိုးသားအလွတ်တန်းတွင် ပထမဆုရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ တက္ကသိုလ်/ကောလိပ်အသင်းပေါင်း(၄၀)မှ စစ်တုရင်ကစားသမား (၁၅၀)ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

source:  : Weekly Eleven(No.42, Vol.7)

Monday, July 9, 2012

မြန်မာစစ်တုရင်အဖွဲ့ အင်ဒိုနီးရှားသို့ထွက်ခွာ

ရန်ကုန် ဇူလိုင်(၇)ရက်

     အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင်(၇)ရက်မှ (၁၃)ရက်နေ့အထိကျင်းပမည့် မြန်မာ့ရိုးရာစစ်တုရင်အားကစားဆွေးနွေးပွဲနှင့် အာဆီယံနိုင်ငံများ တက္ကသိုလ်/ကောလိပ် စစ်တုရင်ပြိုင်ပွဲသို့ အဖွဲ့ဝင်(၄)ဦးပါ မြန်မာစစ်တုရင်အဖွဲ့သည် ဇူလိုင်လ(၅)ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားသည်။
     မြန်မာစစ်တုရင်အဖွဲ့တွင် မြန်မာ့ရိုးရာစစ်တုရင်အားကစားအကြောင်း ဆွေးနွေးရန် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ ဒုဥက္ကဋ္ဌ ဦးဝင်းအောင်၊ အမှုဆောင် ဦးတိုးနှင့် အာဆီယံနိုင်ငံများ တက္ကသိုလ်/ကောလိပ် စစ်တုရင်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ညီလှိုင်စိုး(နည်းပညာတက္ကသိုလ် - စစ်ကိုင်းတိုင်းဒေသကြီး)တို့ လိုက်ပါသွားကြောင်း သတင်းရရှိပါသည်။

Source: ကြေးမုံသတင်းစာ(၈-၇-၂၀၁၂)

Sunday, July 1, 2012

ကမ္ဘာ့ အကောင်းဆုံး စစ်တုရင် (၃၀)ဦး (၂၀၁၂ခုနှစ် ဇူလိုင်လ ထုတ်ပြန်ချက်)

ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်၏ (၂)လလျှင် တစ်ခါထုတ်ပြန်ပေးနေသော အဆင့်သတ်မှတ်ချက်များ ဖြစ်ပါသည်။

Top 30 Players (July, 2012)

RankNameTitleCountryRatingGamesB-Year
 1 Carlsen, Magnus g NOR 2837 9 1990
 2 Aronian, Levon g ARM 2816 15 1982
 3 Kramnik, Vladimir g RUS 2799 15 1975
 4 Radjabov, Teimour g AZE 2788 9 1987
 5 Anand, Viswanathan g IND 2780 12 1969
 6 Karjakin, Sergey g RUS 2779 0 1990
 7 Nakamura, Hikaru g USA 2778 23 1987
 8 Caruana, Fabiano g ITA 2775 22 1992
 9 Morozevich, Alexander g RUS 2770 9 1977
 10 Ivanchuk, Vassily g UKR 2769 15 1969
 11 Grischuk, Alexander g RUS 2763 9 1983
 12 Topalov, Veselin g BUL 2752 0 1975
 13 Svidler, Peter g RUS 2749 4 1976
 14 Kamsky, Gata g USA 2744 11 1974
 15 Wang, Hao g CHN 2739 10 1989
 16 Gelfand, Boris g ISR 2738 12 1968
 17 Gashimov, Vugar g AZE 2737 0 1986
 18 Jakovenko, Dmitry g RUS 2736 0 1983
 19 Tomashevsky, Evgeny g RUS 2733 9 1987
 20 Bologan, Viktor g MDA 2732 9 1971
 21 Jobava, Baadur g GEO 2730 10 1983
 22 Leko, Peter g HUN 2730 7 1979
 23 Mamedyarov, Shakhriyar g AZE 2726 0 1985
 24 Ponomariov, Ruslan g UKR 2726 0 1983
 25 Dominguez Perez, Leinier g CUB 2725 10 1983
 26 Adams, Michael g ENG 2723 14 1971
 27 Riazantsev, Alexander g RUS 2720 13 1985
 28 Nepomniachtchi, Ian g RUS 2718 10 1990
 29 Wojtaszek, Radoslaw g POL 2717 0 1987
 30 Fressinet, Laurent g FRA 2714 9 1981

 

Wednesday, June 27, 2012

မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းအကြောင်း ပြည်ပသို့ ပထမဆုံးအကြိမ် သွားရောက်ပို့ချ

ရန်ကုန်၊ ဇွန် - ၂၁
     မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
     မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းအား
ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်ဖြစ်သည့်အတွက် အဆိုပါအားကစားနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံစစ်တုရင်
အဖွဲ့ချုပ်က လာရောက်ဆွေးနွေးပို့ချရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးကပြောသည်။
     "အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံကို ပထမဆုံးအကြိမ် မြန်မာ့ရိုးရာစစ်တုရင်အားကစားနည်းနဲ့ပတ်သက်ပြီး
သွားရောက်ဆွေးနွေးပို့ချမှာပါ။ မြန်မာ့ရိုးရာစစ်တုရင် အားကစားနည်းနဲ့ပတ်သက်တဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအပြင်
သူတို့သိချင်တာတွေလည်း ဆွေးနွေးပို့ချသွားမှာပါ။ နောက် တခြား အာဆီယံနိုင်ငံတွေလည်း ဖိတ်ကြားထားတာရှိပါတယ်။
ဆက်လက်သွားရောက် ဆွေးနွေးသွားဖို့စီစဉ်ထားပါတယ်" ဟု အထက်ပါတာဝန်ရှိသူကဆိုပါတယ်။
     အဆိုပါဆွေးနွေးပွဲနှင့်အတူ ကျင်းပမည့် အာဆီယံနိုင်ငံများ တက္ကသိုလ်နှင့်ကောလိပ် စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲသို့လည်း
မြန်မာနိုင်ငံမှ မောင်ညီလှိုင်စိုး(ပထမနှစ်၊ နည်းပညာတက္ကသိုလ်၊စစ်ကိုင်း)မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီး အသင်းလိုက်နှင့် တစ်ဦးချင်းပြိုင်ပွဲများထည့်သွင်းကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲဝင်အားကစား
သမားများသည် အသက်၂၅နှစ်အောက် ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
     မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ပထမဆုကြေးငွေကို အင်ဒိုနီးရှားရူးပီးယား ကျပ်သိန်း
(၉၀) ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source: 7 Day News Journal

Friday, June 15, 2012

စစ်တုရင် အပါအ၀င် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ရွေးချယ်မည်...

 ဒေါင်းလုပ်လုပ်ပါ။ pdf file နဲ့ပါ။

မျက်နှာနှစ်ခုနဲ့လူ

      တချို့ကပြောကြတယ်။ စစ်တုရင် ကစားနည်းဟာ အတော်ရှုပ်တာတဲ့ ဟုတ်ကဲ့။ စတုရန်း ၆၄ ကွက်။ တစ်ဖက်မှာ ကစားကောင်က ၁၆ ရုပ်စီ။ အမျိုးအမည် ၆ မျိုး။ နယ် ၈ ရုပ်၊ မြင်း ၂ ရုပ်၊ ဘုန်းကြီး ၂ ရုပ်၊ မိဖုရား ၁ ရုပ်၊ မင်းကြီး ၁ ရုပ်။ အနက် ၁၆ ရုပ်၊ အဖြူ ၁၆ ရုပ်။
      ကစားတတ်ဖို့က အခြေခံအနေနဲ့ အရုပ်တွေ ရွှေ့ကွက်နဲ့ စားကွက်တွေ နားလည်ရမယ်။ ကစားတတ်ပြီ ဆိုရင် စနစ်တကျ ကစားတတ်ဖို့ လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေကို သိရမယ်။ ပြိုင်ပွဲဝင်ဖို့ အတွက်ကျတော့ ပြိုင်ပွဲစည်းကမ်းတွေ ရှိလာတယ်။
      ပြောရရင် စစ်တုရင်ကစားရာမှာ လိုက်နာရမယ့် 'စည်းကမ်း'ရယ် ကျင့်သုံးရမယ့် 'ကျင့်ဝတ်'ရယ် ဆိုတာ ရှိတယ်။ တကယ့် အဖြစ်အပျက်တွေဟာ စိတ်ကူးယဉ်ထက် ဆန်းကြယ်တယ်လို့ ဆိုကြတယ်။ ဒီနေ့ခေတ် ကလေးတွေကို အကြွေစေ့တွေ အကြောင်း ပြောရင် ယုံချင်မှာ မဟုတ်ဘူး။ တစ်လမှာ လစာခြောက်ဆယ်သာသာရတဲ့ ရုံးလုလင်တစ်ယောက် ၀င်ငွေဟာ မိသားစု ရှစ်ယောက် လောက်ငတယ်။ မနက်တိုင်း ကော်ဖီကြမ်းနဲ့ ပဲပြုတ် ထမင်းကြော် စားနိုင်တယ်ဆို ပုံပြင်လို့ ထင်မှာ။ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ နှိုင်းယှဉ်မှာကိုး။ သူတို့ခေတ်နဲ့ စားနိုင်တယ်ဆို ပုံပြင်လို့ ထင်မှာ။ သူတို့ခေတ်နဲ့ ထင်ဟပ်ကြမှာကိုး။

သုံးမျိုးစပ် အာဆီယံစစ်တုရင်

ရန်ကုန်၊ ဇွန် ၉

(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (မြန်မာ)တွင် အာဆီယံစစ်တုရင် ကစားနည်းကို ဒုတိယအကြိမ် အဖြစ် ဆက်လက်ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။  (၂၆) ကြိမ်တုန်းကတော့ အာဆီယံစစ်တုရင် ကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပ ခဲ့ပါတယ်။ လာမယ့် ဆီးဂိမ်းမှာတော့ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ   ဖြစ်တဲ့ အတွက် အာဆီယံစစ်တုရင် ကစားနည်းကို ထည့်သွင်းကျင်းပမှာပါ။ အရင်ရှိပြီးသား လက်ရွေးစင်အသင်း လည်းရှိပါတယ်။ အခုက အိမ်ရှင်ဆို တော့ လက်ရွေးစင် ကစားသမားတွေ များများပေါ်ထွက်အောင် ပြိုင်ပွဲတွေ လုပ်ပြီးရွေးချယ်သွားမှာပါ”ဟုမြန်မာ နိုင်ငံ စစ်တုရင် အဖွဲ့ချုပ်မှ ရုံးအဖွဲ့မှူး ဦးမျိုးဇော်မင်း က ပြော သည်။ အာဆီယံစစ်တုရင် ကစားနည်းသည် မြန်မာ့ရိုးရာ စစ်တုရင်၊ ထိုင်းရိုးရာ စစ်တုရင်နှင့် ကမ္ဘောဒီးယားရိုးရာ စစ်တုရင် ကစားနည်းများအား ပေါင်းစပ် ထားသည့် ကစားနည်း ဖြစ်သည်။ ”စစ်တုရင် အဖွဲ့ချုပ်ကတော့ အာဆီယံစစ်တုရင် ကစားနည်းအတွက် လိုအပ်တဲ့ ပဏာမလက်ရွေးစင် ကစားသမားများကို အိုလံပစ် နေ့ အထိမ်းအမှတ်အဖြစ် အာဆီယံ စစ်တုရင် ပြိုင်ပွဲပြုလုပ်မှာပါ။ အဲဒီ ပွဲကထူးချွန်တဲ့ ကစားသမားတွေကို လည်း ပဏာမ ရွေးချယ်သွားမှာပါ” ဟု ၄င်းက ဆက်လက်ပြော သည်။ အိုလံပစ်နေ့ အထိမ်းအမှတ် အာဆီယံစစ်တုရင်ပြိုင်ပွဲကို ဇွန် ၂ဝ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း၊ မည်သူမဆို ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်လိုသည့် အား ကစားသမားများသည် ဇွန်လ ၁၉ ရက်နေ့ နောက်ဆုံးထား၍ စစ်တုရင် အဖွဲ့ချုပ်ရုံးတွင် စာရင်းပေးသွင်းနိုင်   ကြောင်း သိရသည်။

Friday, May 4, 2012

ကမ္ဘာ့ အကောင်းဆုံး စစ်တုရင် (၃၀)ဦး (၂၀၁၂ခုနှစ် မေလ ထုတ်ပြန်ချက်)

ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်၏ (၂)လလျှင် တစ်ခါထုတ်ပြန်ပေးနေသော အဆင့်သတ်မှတ်ချက်များ ဖြစ်ပါသည်။
Top 30 Players (May, 2012)


RankNameTitleCountryRatingGamesB-Year
 1 Carlsen, Magnus g NOR 2835 0 1990
 2 Aronian, Levon g ARM 2825 3 1982
 3 Kramnik, Vladimir g RUS 2801 0 1975
 4 Anand, Viswanathan g IND 2791 4 1969
 5 Radjabov, Teimour g AZE 2784 0 1987
 6 Karjakin, Sergey g RUS 2779 7 1990
 7 Nakamura, Hikaru g USA 2775 5 1987
 8 Caruana, Fabiano g ITA 2770 26 1992
 9 Morozevich, Alexander g RUS 2769 7 1977
 10 Ivanchuk, Vassily g UKR 2764 0 1969
 11 Grischuk, Alexander g RUS 2761 0 1983
 12 Topalov, Veselin g BUL 2752 0 1975
 13 Svidler, Peter g RUS 2741 12 1976
 14 Kamsky, Gata g USA 2741 0 1974
 15 Tomashevsky, Evgeny g RUS 2738 6 1987
 16 Wang, Hao g CHN 2738 6 1989
 17 Gashimov, Vugar g AZE 2737 5 1986
 18 Jakovenko, Dmitry g RUS 2736 17 1983
 19 Adams, Michael g ENG 2728 9 1971
 20 Gelfand, Boris g ISR 2727 0 1968
 21 Ponomariov, Ruslan g UKR 2726 11 1983
 22 Mamedyarov, Shakhriyar g AZE 2726 8 1985
 23 Dominguez Perez, Leinier g CUB 2725 7 1983
 24 Leko, Peter g HUN 2723 6 1979
 25 Jobava, Baadur g GEO 2721 24 1983
 26 Sasikiran, Krishnan g IND 2720 17 1981
 27 Wojtaszek, Radoslaw g POL 2717 20 1987
 28 Bologan, Viktor g MDA 2716 30 1971
 29 Nepomniachtchi, Ian g RUS 2716 7 1990
 30 Fressinet, Laurent g FRA 2715 27 1981

Tuesday, March 20, 2012

ကမ္ဘာ့ အကောင်းဆုံး စစ်တုရင် (၃၀)ဦး (၂၀၁၂ခုနှစ် မတ်လ ထုတ်ပြန်ချက်)

ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်၏ (၂)လလျှင် တစ်ခါထုတ်ပြန်ပေးနေသော အဆင့်သတ်မှတ်ချက်များ ဖြစ်ပါသည်။
Top 30 Players (March, 2012)


RankNameTitleCountryRatingGamesB-Year
 1 Carlsen, Magnus g NOR 2835 13 1990
 2 Aronian, Levon g ARM 2820 13 1982
 3 Kramnik, Vladimir g RUS 2801 0 1975
 4 Anand, Viswanathan g IND 2799 0 1969
 5 Radjabov, Teimour g AZE 2784 13 1987
 6 Nakamura, Hikaru g USA 2771 23 1987
 7 Caruana, Fabiano g ITA 2767 32 1992
 8 Karjakin, Sergey g RUS 2766 13 1990
 9 Morozevich, Alexander g RUS 2765 10 1977
 10 Ivanchuk, Vassily g UKR 2764 23 1969
 11 Grischuk, Alexander g RUS 2761 0 1983
 12 Topalov, Veselin g BUL 2752 13 1975
 13 Mamedyarov, Shakhriyar g AZE 2752 10 1985
 14 Gashimov, Vugar g AZE 2745 13 1986
 15 Svidler, Peter g RUS 2744 10 1976
 16 Kamsky, Gata g USA 2741 13 1974
 17 Tomashevsky, Evgeny g RUS 2736 9 1987
 18 Adams, Michael g ENG 2735 10 1971
 19 Wang, Hao g CHN 2733 0 1989
 20 Dominguez Perez, Leinier g CUB 2730 0 1983
 21 Jakovenko, Dmitry g RUS 2729 0 1983
 22 Gelfand, Boris g ISR 2727 13 1968
 23 Ponomariov, Ruslan g UKR 2727 0 1983
 24 Leko, Peter g HUN 2720 0 1979
 25 Almasi, Zoltan g HUN 2719 10 1976
 26 Nepomniachtchi, Ian g RUS 2718 9 1990
 27 Giri, Anish g NED 2717 23 1994
 28 Riazantsev, Alexander g RUS 2710 0 1985
 29 Polgar, Judit g HUN 2709 10 1976
 30 Vitiugov, Nikita g RUS 2709 10 1987

Thursday, February 23, 2012

Myanmar Chess Open 2012

http://myachess.blogspot.com/2012/02/normal-0-false-false-false-en-us-x-none.html မှ ကူးယူဖော်ပြအပ်ပါသည်။

Thursday, February 23, 2012

MYANMAR OPEN 2012 ( 25 Jan - 03 Feb, 2012 )

       In order to select the players for National Championship 2012, this open tournament played a vital role as the qualifying event. There were 146 players competing for 10 qualified spots and a new face came out as the winner.

Congratulation Htay Min Lwin!

FIDE Trainers' Seminar in Yangon, Myanmar - RESULTS

http://myachess.blogspot.com/2012/02/fide-trainers-seminar-in-yangon-myanmar.html မှ ကူးယူဖော်ပြအပ်ပါသည်။

Thursday, February 23, 2012


FIDE Trainers' Seminar in Yangon, Myanmar

Below is the one published in the FIDE web site.
Congratulation all!

FIDE Trainers' Seminar in Yangon, Myanmar - RESULTS
Monday, 23 January 2012
FIDE Trainers’ Seminar for FIDE Trainer Titles Yangon, 13-18.01.2012

Dear Participants,
Here are the results (FIDE Titles) that we decided that they should be distributed to you. In order to finalize our decisions we took into consideration your ID-Cards and the valuable info you provided and further one that we were able to collect, your general behavior and attendance during the seminar and of course the written exams.
No. Name FED Award
1. Aung Aung (a) Aung Myo Hlaing MYA NI
2. Khin Ko MYA NI
3. Kyaw Kyaw Soe MYA NI
4. Kyaw Myint MYA DI
5. Mok Tze Meng MAS FT
6. Mynn Htoo MYA NI
7. Myo Myint MYA DI
8. Myo Naing MYA FI
9. Myo Zaw Min MYA FI
10. Nan M K Khine Hlyan MYA FI
11. Nay Oo Kyaw Tun MYA FI
12. Nay Win MYA DI
13. Tha Zan MYA DI
14. Than Min Hlaing MYA DI
15. Thet Htet Saw Aung MYA DI
16. Tin Lay Shwe MYA FI
17. Zaw Oo MYA NI
18. Zaw Win MYA DI
19. Zaw Win Lay MYA FT
20. Zin Mar Min Than MYA FI
The Lecturers,
Ignatius Leong
Eric Gloria

Tuesday, February 21, 2012

စစ်တုရင်ကစားနည်းဆိုတာ


21-Feb-2012 (Tue)
ခေတ်စားလာခြင်း
ကမ္ဘာ့စစ်တုရင်အကြောင်းကို သိသင့်တယ်လို့ ယူဆမိတာကြောင့် ရေးဖြစ်တာပါ။ စစ်တုရင်သမိုင်း၊ အမှတ်ပေးစနစ်၊ ပြိုင်ပွဲကျင်းပနည်း စသဖြင့်ပေါ့။
          စစ်တုရင်ဆိုတာ ဂိမ်းတစ်ခုပါ။ ယခုအခါမှာတော့ အားကစားတစ်ရပ်လို ဖြစ်လာနေပါပြီ။ ကမ္ဘာ့စစ်တုရင်အိုလံပစ်နှင့် ကမ္ဘာကျော် စူပါဂရင်းမာစတာပြိုင်ပွဲကြီးများကြောင့်လည်း ပါတယ်။ ယနေ့အချိန်လို အင်တာနက်ပေါ်ကနေ Online Chess Playing တွေခေတ်စားလာတာရယ်၊  အရှေ့တောင်အာရှ အားကစားပွဲတော်မှာ (၃)ကြိမ် (၂၀၀၃၊၂၀၀၅၊၂၀၁၁)တိတိ ထည့်သွင်းလာတာရယ်၊ ၂၀၀၆ခုနှစ် ကာတာနိုင်ငံတွင်ကျင်းပသော အာရှအားကစားပွဲတော်မှာ ပါဝင်လာတာရယ်၊ (၂၀၁၀ အာရှအားကစားပြိုင်ပွဲ နဲ့ နောက်ကျင်းပမည့်၂၀၁၄ အာရှအားကစားပွဲတောတွေမှာတော့ ပါဝင်လာခြင်းမရှိတော့ပါ) ၂၀၁၃ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်  (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်မှာ စစ်တုရင်အားကစားနည်းများ(အပြည်ပြည်ဆိုင်ရာစစ်တုရင်နှင့် အာဆီယံစစ်တုရင်) ပါဝင်လာမယ်လို့ သိရတဲ့အတွက် တစ်စထက်တစ်စ နယ်ပယ်ကျယ်ဝန်းလာခဲ့ပါတယ်။ စစ်တုရင်လို့ ပြောလိုက်တာနဲ့ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်အကြောင်း စပြောရတော့မှာပါ။

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်
ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် ဖီဒဲ (FIDE) (Fédération Internationale des Échecs) ကို ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ၁၉၂၄၊ဇူလိုင်လ(၂၄)ရက်နေ့မှာ တည်ထောင်ခဲ့ပါတယ်။ ပြင်သစ်အမည်(FIDE) နဲ့ဖွဲ့စည်းခဲ့ပြီး ယနေ့အချိန်ထိလည်း အဆိုပါနာမည်နဲ့ပဲ လူသိများပါတယ်။ (WCF – World Chess Federation) ဆိုတဲ့ နာမည်နဲ့လည်း လူသိများပါသေးတယ်။
ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌကတော့ Kirsan Ilyumzhinov (the President of the Republic of Kalmykia) ဖြစ်ပါတယ်။ သူ့ရဲ့နိုင်ငံနဲ့ သူ့ကိုတော့ ဥရောပရဲ့ ဗုဒ္ဓဘာသာတည်ထောင်သူလို့ လူသိများပါတယ်။ သူကိုယ်တိုင်လည်း ဗုဒ္ဓဘာသာကို ကိုးကွယ်ပါတယ်။ ဥက္ကဋ္ဌတာဝန်ကိုတော့ ၁၉၉၅ခုနှစ် မှ ယနေ့အချိန်ထိ တာဝန်ယူထားပါတယ်။

Saturday, February 18, 2012

နိုင်ငံတကာအဆင့် မြန်မာ့ရိုးရာစစ်တုရင် ပြိုင်ပွဲ

     အာဆီယံ ဒေသတွင်းသာမက၊ အာရှနှင့် ဥရောပနိုင်ငံများမှပါ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာ့ ရိုးရာ စစ်တုရင် International Open ပြိုင်ပွဲကို မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်မှ ကြီးမှူး၍ ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၅ ရက်မှ ၁၂ ရက်နေ့တွင်ပထမဆုံး အကြိမ် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပွဲကို ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ် ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့ ဖူးသည့် ဖိလစ်ပိုင်မှ မစ္စတာ တင်ဘိုမီးနိစ်အား ဂုဏ်ပြုသည့် အနေဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး၊ မည်သူမဆို ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြောင်း၊ နိုင်ငံတကာမှ လာရောက် ယှဉ်ပြိုင်သူများ အားလုံးကို လက်ခံ၍ ပြိုင်ပွဲ ခန်းမ အခက်အခဲ မရှိပါက ပြည်တွင်း၊ ပြည်ပ ပြိုင်ပွဲဝင် အားလုံးကို လက်ခံ သွားမည်ဟု သိရသည်။ ၄င်းပွဲတွင် အာဆီယံနိုင်ငံ ၁ဝ နိုင်ငံ အပြင် လာရောက် ယှဉ်ပြိုင် နေကျ ဖြစ်သော အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ နီပေါ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ဟောင်ကောင်၊ တရုတ် (တိုင်ပေ)၊ ရုရှား စသည့် နိုင်ငံများနှင့် ဥရောပ နိုင်ငံများ ဖြစ်သည့် ဖင်လန်၊ ဂျာမနီ၊ အင်္ဂလန် နိုင်ငံ များမှလည်း ပြိုင်ပွဲ ဝင်ကြမည် ဖြစ်ကြောင်း သိရသည်။ ”ဒီလို နိုင်ငံတကာ အဆင့် ပွဲမျိုးကို မြန်မာနိုင်ငံမှာ ပြုလုပ်တာ ပထမဆုံး အကြိမ်ပါ။ နေရာ ကိုတော့ လောလောဆယ် Central Hotel မှာ လျာထား ပါတယ်။ အဲဒီမှာ ပြိုင်ပွဲဝင် ၂ဝဝ လောက် ဆန့်နိုင်တယ်” ဟု မြန်မာ့ ရိုးရာ စစ်တုရင် အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြောသည်။ ထိုပွဲ၌ အနိုင်ရသူ များကို ပထမဆု ဒေါ်လာ ၃ သောင်း၊ ဒုတိယဆု ဒေါ်လာ ၁၅ဝဝ၊ တတိယဆု ဒေါ်လာ ၁ဝဝဝ နှင့် ကျန်ရှိသည့် ဆုများ အပါအဝင် ဒေါ်လာ စုစုပေါင်း တစ်သောင်း ပြည့်အောင်
ပေးသွားမည် ဖြစ်ပြီး ယင်းပြိုင်ပွဲ များ ဆက်လက် ပြုလုပ် ဖြစ်ပါက ရန်ပုံငွေ အနေ အထားအရ ပြောင်းလဲ ချီးမြှင့်ရန် အစီအစဉ် ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ စစ်တုရင်နည်းပြ သင်တန်းဆင်းပွဲ

     19 Jan, 2012
     အပြည်ပြည်ဆိုင်ရာ စစ်တုရင် နိုင်ငံတကာနည်းပြ သင်တန်းဆင်းပွဲနဲ့ အောင်ပွဲရစစ်တုရင် အားကစား သမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ ကျင်းပပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ အခမ်းအနားကို မနေ့က နေ့လည်မှာ ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်၌ ကျင်းပပေးခဲ့ တာဖြစ်ပြီး မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်လွင်နဲ့ အဖွဲ့ဝင်များ၊ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၊ မစ္စတာလီယွန်၊ သင်တန်းသားများနဲ့ အင်ဒိုနီးရှား ဆီးဂမ်းပြိုင်ပွဲဝင် ကစားသမားများ တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် မှာတော့ နိုင်ငံတာ စစ်တုရင်နည်းပြ သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။


    
     သင်တန်းဆင်း လက်မှတ်များကို ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ် အတွင်းရေးမှူးနဲ့ အာဆီယံ စစ်တုရင်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ လီယွန်က ပေးအပ်ခဲ့တာဖြစ်ပြီး၊ အင်ဒိုနီးရှား ဆီးဂမ်း စစ်တုရင်ပြိုင်ပွဲ တွင် ငွေတံဆိပ် နဲ့ ကြေးတံဆိပ်ရရှိခဲ့သော စစ်တုရင်ကစားသမား ၀င်းဇော်ထွန်းနဲ့ ကျော်လင်းနိုင် တို့ကို မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

     အဆိုပါ အပြည်ပြည်ဆိုင်ရာ စစ်တုရင် နိုင်ငံတကာနည်းပြ သင်တန်းကို အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်နဲ့ ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်တို့မှ ပူးပေါင်း သင်ကြားပေး ခဲ့တာဖြစ်ပြီး သင်တန်းသား၂၂ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ သင်တန်းသားများထဲတွင် မလေးရှား သင်တန်းသားတစ်ဦးနဲ့ အမျိုးသမီးသင်တန်းသား၃ဦး ပါဝင်ခဲ့ကြောင်းကိုလည်း သိရပါတယ်။

     နိုင်ငံတကာ စစ်တုရင် နည်းပြသင်တန်းကို ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်း သင်ကြားပေးခဲ့ပြီး နောက် မှာတော့ မြန်မာနိုင် ငံသား နိုင်ငံတကာ စစ်တုရင်နည်းပြ ၂၀ဦးခန့် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး၊ နောက်ထပ် နိုင်ငံတကာအဆင့် စစ်တုရင် နည်းပြများ ထွက်ပေါ် လာဖို့အတွက် နောက်ထပ်သင်တန်းများကိုလည်း မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်မှ ထပ်မံသင်ကြားပေးသွားမှာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။

http://www.mrtv4.net.mm

မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲ (၂၀၁၂ခုနှစ်)

16 Feb, 2012
      ၂၀၁၂ မြန်မာ့ရိုးရာ စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လည် (၁) နာရီ အချိန်က ရန်ကုန်မြို့ သိမ်ဖြူ အားကစားခန်းမမှာ   ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင် နှင့် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းအောင်၊ မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အယ်လ်ခွန်းရီ တို့ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ပြိုင်ပွဲဟာ ဖေဖော်ဝါရီလ ၁၅ ရက်မှ ၂၃ ရက်အထိ ၉ ရက် ကျင်းပမှာဖြစ်ပြီး ဖွင့်ပွဲ အခမ်းအနား အပြီးမှာ ပြိုင်ပွဲရဲ့ ပထမနေ့ ပွဲစဉ်အတွဲများကို ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင် ပြိုင်ပွဲကို အမျိုးသမီး ပြိုင်ပွဲဝင် ၁ ဦး အပါအ၀င် ပြိုင်ပွဲဝင် ကစားသမားပေါင်း ၄၆ ဦး ၀င်ရောက်ယှဉ်ပြိုင် နေတာဖြစ်ပြီး ပြိုင်ပွဲကို ဆွစ်စနစ်ဖြင့် ကျင်းပပေးတာလည်း ဖြစ်ပါတယ်။


      ပြိုင်ပွဲဝင် အတွဲ ၂၃ တွဲဟာ တစ်ပွဲနိုင်လျှင် တစ်မှတ် ရရှိမှာဖြစ်ပြီး သရေကျလျှင် အမှတ်ဝက် ရရှိမှာ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင် အားကစားဟာ ရှေးမြန်မာတို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ် တစ်ခုဖြစ်တာကြောင့်မပျောက်ပျက်အောင် ထိန်းသိမ်းရန်နှင့် မြန်မာ့ရိုးရာ စစ်တုရင် အားကစားနည်း ပြန့်ပွားစေရန် ရည်ရွယ်ပြီး အခုလို ပြိုင်ပွဲတွေကို ကျင်းပပေး နေရတာလည်း   ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့ ပွဲစဉ်များနှင့် ဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ကြောင်း သတင်းရရှိပါသည်။
      မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမှာ ထည့်သွင်းကျင်းပမယ့် စစ်တုရင် ပြိုင်ပွဲကို မြန်မာ့ရိုးရာ အားကစား ပြန့်ပွားစေရန်အတွက် ရည်ရွယ်ကျင်းပမှာဖြစ်ပြီး ထူးချွန်သူ များအတွက် ဆုကြေးငွေ ၅ သိန်းခန့် ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။
       ပြိုင်ပွဲကို နေ့စဉ် တစ်နာရီမှ စတင် ကျင်းပသွားမယ့် အဆိုပါ ပြိုင်ပွဲကို ချီဆွစ် စနစ်ဖြင့် ကျင်းပ သွားမှာဖြစ်ကြောင်း သိရှိရပြီး ဒီပြိုင်ပွဲမှ ထူးချွန်သူများကို မြန်မာ့ရိုးရာ စစ်တုရင်လက်ရွေးစင် အသင်းအတွက် ပဏာမကစားသမား အဖြစ်ရွေးချယ် သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။  ဒါ့အပြင် ယခုပြိုင်ပွဲမှ လက်ရည်စစ် အောင်မြင်သူများဟာ ၂၀၁၂ ခုနှစ်အတွင်း ကျင်းပမယ့် မြန်မာ့ရိုးရာ စစ်တုရင် တံခွန်စိုက် ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။
       လက်ရှိ ချန်ပီယံကတော့ မောင်မောင်လတ် ပဲ ဖြစ်ပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင် တစ်ဦးချင်း အလွတ်တန်းပြိုင်ပွဲကို တစ်နှစ်ကို ၃ ကြိမ်ခန့် ပုံမှန်ကျင်းပ နေတာဖြစ်ပြီး အခု ကျင်းပမယ့် ပြိုင်ပွဲဟာ ယခုနှစ်အတွက် ပထမဆုံး ပြိုင်ပွဲလည်း ဖြစ်တယ်လို့ သိရပါသည်။


Friday, February 17, 2012

London Chess Classic 2011

London Chess Classic ပြိုင်ပွဲကျင်းပခဲ့တာ (၃)ကြိမ်မြောက်ခဲ့ပါပြီ။ ၂၀၀၉၊ ၂၀၁၀၊ ၂၀၁၁ ပါ။
လန်ဒန်မြို့ Olympia Conference Centre မှာ ၂၀၁၁၊ ဒီဇင်ဘာ၊ ၃-၁၂ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။
ကမ္ဘာ့အဆင့်စစ်တုရင်ကစားများဖြစ်တာနဲ့အညီ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။
ဒီပြိုင်ပွဲမှာ အိမ်ရှင် အင်္ဂလန်နိုင်ငံသား (၄)ဦး၊ ကမ္ဘာ့နံပါတ် (၁)၊ (၂)၊ (၃)၊ (၄) အဆင့် (၄)ဦး၊ အမေရိကန်ချန်ပီယံ (၁)ဦး စုစုပေါင်း(၉)ဦးယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အဆိုပါ (၉)ဦးကတော့...
  • Viswanathan Anand, world champion and number two in the world rankings
  • Magnus Carlsen, number one in the world rankings
  • Levon Aronian, number three in the world rankings
  • Vladimir Kramnik, former world champion (2000-2007) and world number four
  • Hikaru Nakamura, US number one
  • Michael Adams, British champion and English number one
  • Nigel Short, former world championship finalist and English number two
  • Luke McShane, English number three
  • David Howell, English number four

Final Crosstable
 
Name Rating                   Pnt/gms Perf
    1 2 3 4 5 6 7 8 9    
1 Kramnik 2800 X 1 1 3 1 1 3 3 3 16.0 / 8 2935
2 Nakamura 2758 1 X 0 1 3 3 1 3 3 15.0 / 8 2888
3 Carlsen 2826 1 3 X 1 1 1 1 3 3 14.0 / 8 2879
4 McShane 2671 0 1 1 X 1 1 3 3 3 13.0 / 8 2853
5 Anand 2811 1 0 1 1 X 1 3 1 1 9.0 / 8 2740
6 Aronian 2802 1 0 1 1 1 X 3 1 1 9.0 / 8 2741
7 Short 2698 0 1 1 0 0 0 X 1 3 6.0 / 8 2613
8 Howell 2633 0 0 0 0 1 1 1 X 1 4.0 / 8 2570
9 Adams 2734 0 0 0 0 1 1 0 1 X 3.0 / 8 2499   

အဆိုပါပြိုင်ပွဲရဲ့ (၂)နှစ်ဆက်တိုက်ချန်ပီယံ ကမ္ဘာ့နံပါတ်(၁) ကစားသမား ကာလ်စန်(Carlsen) ကတော့ တတိယနေရာတာ ရရှိသွားပါ
တယ်။ ဗိုလ်စွဲသွားသူကတော့ ရုရှားနိုင်ငံသား ကရမ်းနစ် (Kramnik) ပဲဖြစ်ပါတယ်။ အိမ်ရှင်အင်္ဂလန်နိုင်ငံရဲ့ နံပါတ်(၁) ကစားသမား
မိုက်ကယ်အဒမ် (Adams) ကတော့ နောက်ဆုံးနေရာမှာ ရပ်တည်နေတာကို တွေ့ရပါတယ်။ 
     ဒီ Tournament ပြိုင်ပွဲရဲ့ ပွဲစဉ်အချို့ကို ဖော်ပြပေးလိုက်ပါတယ်....မြန်မာစစ်တုရင် ၀ါသနာရှင်ကစားသမားများ တိုးတက်ကြပါစေလို့ ဆုမွန်ခြွေလျှက်...။