Saturday, February 18, 2012

အပြည်ပြည်ဆိုင်ရာ စစ်တုရင်နည်းပြ သင်တန်းဆင်းပွဲ

     19 Jan, 2012
     အပြည်ပြည်ဆိုင်ရာ စစ်တုရင် နိုင်ငံတကာနည်းပြ သင်တန်းဆင်းပွဲနဲ့ အောင်ပွဲရစစ်တုရင် အားကစား သမားများအား ဂုဏ်ပြုပွဲအခမ်းအနားကို မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ ကျင်းပပေးခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ အခမ်းအနားကို မနေ့က နေ့လည်မှာ ရန်ကုန်မြို့ စင်ထရယ် ဟိုတယ်၌ ကျင်းပပေးခဲ့ တာဖြစ်ပြီး မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်လွင်နဲ့ အဖွဲ့ဝင်များ၊ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး၊ မစ္စတာလီယွန်၊ သင်တန်းသားများနဲ့ အင်ဒိုနီးရှား ဆီးဂမ်းပြိုင်ပွဲဝင် ကစားသမားများ တက်ရောက်ခဲ့ကြပါတယ်။ အဲ့ဒီနောက် မှာတော့ နိုင်ငံတာ စစ်တုရင်နည်းပြ သင်တန်းဆင်း လက်မှတ်များကို ပေးအပ်ခဲ့ကြတာဖြစ်ပါတယ်။


    
     သင်တန်းဆင်း လက်မှတ်များကို ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ် အတွင်းရေးမှူးနဲ့ အာဆီယံ စစ်တုရင်အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ မစ္စတာ လီယွန်က ပေးအပ်ခဲ့တာဖြစ်ပြီး၊ အင်ဒိုနီးရှား ဆီးဂမ်း စစ်တုရင်ပြိုင်ပွဲ တွင် ငွေတံဆိပ် နဲ့ ကြေးတံဆိပ်ရရှိခဲ့သော စစ်တုရင်ကစားသမား ၀င်းဇော်ထွန်းနဲ့ ကျော်လင်းနိုင် တို့ကို မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်ဥက္ကဋ္ဌက ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

     အဆိုပါ အပြည်ပြည်ဆိုင်ရာ စစ်တုရင် နိုင်ငံတကာနည်းပြ သင်တန်းကို အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်နဲ့ ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်တို့မှ ပူးပေါင်း သင်ကြားပေး ခဲ့တာဖြစ်ပြီး သင်တန်းသား၂၂ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ သင်တန်းသားများထဲတွင် မလေးရှား သင်တန်းသားတစ်ဦးနဲ့ အမျိုးသမီးသင်တန်းသား၃ဦး ပါဝင်ခဲ့ကြောင်းကိုလည်း သိရပါတယ်။

     နိုင်ငံတကာ စစ်တုရင် နည်းပြသင်တန်းကို ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံအတွင်း သင်ကြားပေးခဲ့ပြီး နောက် မှာတော့ မြန်မာနိုင် ငံသား နိုင်ငံတကာ စစ်တုရင်နည်းပြ ၂၀ဦးခန့် ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး၊ နောက်ထပ် နိုင်ငံတကာအဆင့် စစ်တုရင် နည်းပြများ ထွက်ပေါ် လာဖို့အတွက် နောက်ထပ်သင်တန်းများကိုလည်း မြန်မာနိုင်ငံစစ်တုရင် အဖွဲ့ချုပ်မှ ထပ်မံသင်ကြားပေးသွားမှာ ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။

http://www.mrtv4.net.mm