ပထမဆုံး နိုင်ငံတကာ အဆင့်ဝင် ရိုးရာအားကစားအဖြစ် စစ်တုရင် ရောက်ရှိ
အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်းကို အာဆီယံ စစ်တုရင်ဟု အမည်ပြောင်း ထည့်သွင်းပြီးနောက် ပထမဆုံး နိုင်ငံတကာ အဆင့်ဝင် အားကစား ဖြစ်လာကြောင်း အာဆီယံနိုင်ငံများ စစ်တုရင် အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်မောင်လွင်က ပြောကြားသည်။ မြန်မာ့ရိုးရာ စစ်တုရင်ကို အခြေခံသည့် အာဆီယံ စစ်တုရင်ကို အတည်ပြု ပြဌာန်းလိုက်သဖြင့် နောင်ကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲများတွင် စစ်တုရင် အားကစားနည်း ထည့်သွင်း ကျင်းပသည့်အခါ အပြည်ပြည်ဆိုင်ရာ စစ်တုရင်နှင့် ယှဉ်တွဲလျက် အာဆီယံ စစ်တုရင်ကိုပါ ထည့်သွင်း ကျင်းပခြင်းဖြင့် မြန်မာ့ရိုးရာ စစ်တုရင် ကစားသမားများ လက်စွမ်းပြနိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်ရန် အခွင့်အလမ်း ဖြစ်လာမည်ဟု ဦးမောင်မောင်လွင်က ဆိုသည်။ ကစားခုံနှင့် အရုပ်များကို အပြည်ပြည်ဆိုင်ရာ စစ်တုရင်ခုံနှင့် အရုပ်များကိုပင် အသုံးပြုမည်ဖြစ်ကြောင်း၊ ဘုန်းကြီး (Bishop) ကို ဆင်အဖြစ် အသုံးပြုကာ မိဖုရား (Queen) အရုပ်ကိုမူ မိဖုရားအဖြစ် ဆက်လက် ခေါ်ဆိုမည် ဖြစ်သော်လည်း ရွှေ့ကွက်ကို စစ်ကဲအတိုင်း သတ်မှတ်ကြောင်း၊ နယ်ရုပ်များကို တတိယတန်းတွင် နေရာချထားပြီး ကျန်ကစားကောင်များမှာ ပထမတန်း အပြည်ပြည်ဆိုင်ရာ စစ်တုရင် အတိုင်းပင်ဖြစ်ကြောင်း စစ်တုရင် အဖွဲ့ချုပ်ထံမှ သိရသည်။မြန်မာ့ရိုးရာ စစ်တုရင်သည် တစ်ကွက်ချင်း အနီးကပ် ကွက်စိပ် အနုစိတ် ကစားရပြီး အပြည်ပြည်ဆိုင်ရာ စစ်တုရင် သည်ပါဝါကို အသုံးပြု တိုက်ခိုက်ရသည့် သဘောဖြစ်သည်ဟု ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းမှ မြန်မာ့ရိုးရာ စစ်တုရင် ကစားသည့် အတွေ့အကြုံနှစ် ၃၀ ရှိ ဦးသီဟက ဆိုသည်။
About
- မူလစာမျက်နှာ
- ပြည်ပသတင်းများ
- ပြည်တွင်းသတင်းများ
- အဖွင့်ပိုင်းထောင်ချောက်ကွက်နှင့် ပဟေဠိများ
- ကမ္ဘာ့အဆင့်သတ်မှတ်ချက်
- ဂရင်းမာစတာဖြစ်ရန်
- ဆီးဂိမ်းစစ်တုရင်(SEA Game)
- စစ်တုရင်ဆောင်းပါးများ
- မဟာဗျူဟာ၊ နည်းဗျူဟာများ
- ကမ္ဘာကျော်ပြိုင်ပွဲကြီးများ
- မြန်မာ့ရိုးရာစစ်တုရင်
- စစ်တုရင်ဘွဲ့များ
- မြန်မာ့စစ်တုရင်ကစားသမားများ
- ဒေါင်းလုပ်(Download)
Wednesday, May 18, 2011
Saturday, May 14, 2011
၁၇ ကြိမ်မြောက် အာရှမြို့တော်များ အသင်းလိုက် စစ်တုရင် ပြိုင်ပွဲ ရလဒ်
၁၇ ကြိမ်မြောက် အာရှမြို့တော်များ အသင်းလိုက် စစ်တုရင် ပြိုင်ပွဲ(Asian Cities Team Chess Championship) ကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဧပြီ(၂၁)ရက် မှ (၂၉)ရက်နေ့ အထိ ကျင်းပသွားခဲ့
ပါသည်။ ဆွစ် စနစ်ဖြင့် (၉)ချီ အသင်းလိုက် ကျင်းပခြင်း ဖြစ်ပါသည်။
အဆိုပါ ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုတဲ့ ရန်ကုန်အသင်းက ရမှတ်(၄.၅)မှတ်ဖြင့် အဆင့်(၁၂)နေရာ
တွင် ရပ်တည်နေသည်ကို တွေ့ရပါသည်။
တရုတ်နိုင်ငံကိုယ်စားပြု Shi Jiazhuang အသင်းက (၉)ပွဲစလုံး အနိုင် ရရှိကာ ဗိုလ်စွဲသွားပါသည်။ ဒုတိယ
နေရာကိုတော့ Kazakhstan နိုင်ငံကိုယ်စားပြု Astana အသင်းကလည်းကောင်း၊ တတိယနေရာကို Iran နိုင်ငံကိုယ်စားပြု Tehran အသင်းကရရှိသွားပါသည်။

မြန်မာ့ရိုးရာ စစ်တုရင်ကစားနည်း
Myanmar Chess
Chess is one of the games that is well-known and played around the world. And in Myanmar, we have our own significant traditional chess game. Since ancient times, the Myanmar people were very keen and fond of playing traditional chess. In fact, Myanma traditional chess in based on four warfare elements, which were show in old Myanmar military text and scriptures.
Four military elements are:
(1) Elephant division
(2) Cavalry division
(3) Chariot division
(4) Infantry division
Four military elements are:
(1) Elephant division
(2) Cavalry division
(3) Chariot division
(4) Infantry division
မြန်မာ့ရိုးရာ စစ်တုရင်ကစားနည်း အာဆီယံချက်စ်အဖြစ် သတ်မှတ်
မြန်မာ့ရိုးရာ စစ်တုရင်ကစားနည်းကို အာဆီယံ စစ်တုရင် (ASEAN Chess) အဖြစ် သတ်မှတ်ပြီး အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပမည့် လာမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရိုးရာ စစ်တုရင်သည် အိနိ္ဒယနိုင်ငံမှ ဆင်းသက်လာပြီး ရှေးမြန်မာမင်းများ လက်ထက်က နန်းတွင်း မင်းညီမင်းသား၊ မှူးမတ်များ စစ်တိုက်ရာတွင် ကျွမ်းကျင်လာစေရန် ကစားသော ကစားနည်းဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်းတွင် ဖော်ပြပါရှိပါသည်။ အဆိုပါ မြန်မာ့ရိုးရာ စစ်တုရင်ကစားနည်းသည် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့ရှိ ရိုးရာ စစ်တုရင် ကစားနည်းတို့နှင့် အနည်းငယ် ဆင်တူကြောင်း၊ ယခုအခါ မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်းမှာ ရန်ကုန်မြို့တွင် ကစားသူ စုစုပေါင်း တစ်ရာနီးပါးသာ ရှိကြောင်း မြန်မာ့ရိုးရာ စစ်တုရင် ကော်မတီထံမှ သိရှိရသည်။
Z.T
မန္တလေးအလင်း ဂျာနယ်
မေလ (၆) ရက်၊ ၂၀၁၁ ခုနှစ်

ကမ္ဘာ့ အကောင်းဆုံး စစ်တုရင် (၂၀)ဦး (၂၀၁၁ခုနှစ် မေလ ထုတ်ပြန်ချက်)
Top 30 Players May 2011
Rank | Name | Title | Country | Rating | Games | B-Year |
1 | Anand, Viswanathan | g | IND | 2817 | 0 | 1969 |
2 | Carlsen, Magnus | g | NOR | 2815 | 0 | 1990 |
3 | Aronian, Levon | g | ARM | 2808 | 0 | 1982 |
4 | Kramnik, Vladimir | g | RUS | 2785 | 0 | 1975 |
5 | Ivanchuk, Vassily | g | UKR | 2776 | 9 | 1969 |
6 | Karjakin, Sergey | g | RUS | 2776 | 0 | 1990 |
7 | Topalov, Veselin | g | BUL | 2775 | 0 | 1975 |
8 | Nakamura, Hikaru | g | USA | 2774 | 0 | 1987 |
9 | Mamedyarov, Shakhriyar | g | AZE | 2772 | 0 | 1985 |
10 | Gashimov, Vugar | g | AZE | 2760 | 6 | 1986 |
11 | Ponomariov, Ruslan | g | UKR | 2754 | 10 | 1983 |
12 | Grischuk, Alexander | g | RUS | 2747 | 0 | 1983 |
13 | Radjabov, Teimour | g | AZE | 2744 | 0 | 1987 |
14 | Svidler, Peter | g | RUS | 2739 | 28 | 1976 |
15 | Vitiugov, Nikita | g | RUS | 2733 | 31 | 1987 |
16 | Gelfand, Boris | g | ISR | 2733 | 4 | 1968 |
17 | Jakovenko, Dmitry | g | RUS | 2732 | 20 | 1983 |
18 | Kamsky, Gata | g | USA | 2732 | 7 | 1974 |
19 | Wang, Hao | g | CHN | 2732 | 6 | 1989 |
20 | Vachier-Lagrave, Maxime | g | FRA | 2731 | 5 | 1990 |
21 | Dominguez Perez, Leinier | g | CUB | 2726 | 12 | 1983 |
22 | Adams, Michael | g | ENG | 2726 | 9 | 1971 |
23 | Vallejo Pons, Francisco | g | ESP | 2722 | 30 | 1982 |
24 | Wojtaszek, Radoslaw | g | POL | 2721 | 22 | 1987 |
25 | Almasi, Zoltan | g | HUN | 2719 | 0 | 1976 |
26 | Leko, Peter | g | HUN | 2717 | 0 | 1979 |
27 | Naiditsch, Arkadij | g | GER | 2716 | 35 | 1985 |
28 | Caruana, Fabiano | g | ITA | 2714 | 21 | 1992 |
29 | Wang, Yue | g | CHN | 2714 | 11 | 1987 |
30 | Eljanov, Pavel | g | UKR | 2712 | 14 | 1983 |
Saturday, May 7, 2011
ဂရင်းမာစတာ ဖြစ်ရန် လိုအပ်ချက်များ...
ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်မှ သတ်မှတ်ထားသည့် အရည်အချင်းနှင့် ပြည့်စုံသူများကို ဂရင်းမာစတာဘွဲ့ ပေးအပ်
ပါသည်။ ဂရင်းမာစတာဖြစ်ရန် လိုအပ်ချက်မှာ အောက်ပါတို့အနက် တစ်ခုခုနှင့် ကိုက်ညီရမည် ဖြစ်သည်။
၁။ အနည်းဆုံး (၂၄)ပွဲ စုစုပေါင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲများ ဂျီအမ်စံနှုန်း (GM Norm) ၂ခု (or) ၂ခုထက်
ရရှိသူ ဖြစ်ရပါမည်။
ပထမဦးဆုံး ဂျီအမ် စံနှုန်းရသည့် နေ့စွဲမှ (၇)နှစ်အတွင်း ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်မှထုတ်ပြန်သည့် စံနှုန်းစာရင်း
တွင် (၂၅၀၀)နှင့် အထက်ရှိရမည်။
၂။ ကမ္ဘာ့စစ်တုရင် ချန်ပီယံလုပွဲအတွက် ကင်ဒီဒိတ်အဆင့်ရောက်ရှိသူ
၃။ ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အင်တာဇုံနယ်ပြိုင်ပွဲ တစ်ခုခုတွင် ဂျီအမ်စံနှုန်း တစ်ခုရရှိသူ
၎။ အမျိုးသမီး ကမ္ဘာ့ချန်ပီယံလုပွဲတွင် အနိုင်ရသူ
၅။ ကမ္ဘာ့လူငယ် ကမ္ဘာ့ချန်ပီယံလုပွဲတွင် လွတ်လွတ်ကျွတ်ကျွတ် ဗိုလ်စွဲသူ
၆။ အိုလံပစ် ပြိုင်ပွဲတွင် (၁၃)ပွဲကစားပြီး ဂျီအမ်စံနှုန်း ရရှိသူ တို့ ဖြစ်သည်။

ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်မှ ချီးမြှင့်သည့် ဘွဲ့များ
အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ်မှ ချီးမြှင့်သည့် ဘွဲ့များမှာ အောက်ပါအတိုင်း ဖြစ်ပါ
သည်။ ဘွဲ့များသည် တစ်သက်တာအတွက် ဖြစ်ပါသည်။
(က) ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် အရည်အချင်း စိစစ်ရေးကော်မရှင်မှ စိစစ်ရွေးချယ် ချီးမြှင့်သည့်ဘွဲ့များ
1. Grandmaster (GM) (ဂရင်းမာစတာ)
2. International Master (IM) (အင်တာနေရှင်နယ် မာစတာ)
3. FIDE Master (FM) (ကမ္ဘာ့စစ်တုရင်အဖွဲ့ချုပ် မာစတာ)
4. Candidate Master (CM) (ဇုံနယ် မာစတာ)
5. Woman Grandmaster (WGM) (အမျိုးသမီး ဂရင်းမာစတာ)
6. Woman International Master (WIM) (အမျိုးသမီး အင်တာနေရှင်နယ် မာစတာ)
7. Woman FIDE Master (WFM) (အမျိုးသမီး စစ်တုရင်အဖွဲ့ချုပ် မာစတာ)
8. Woman Candidate Master (WCM) (အမျိုးသမီး ဇုံနယ် မာစတာ)
9. Honorary Grandmaster (H-GM) (ဂုဏ်ထူးဆောင် ဂရင်းမာစတာ)
10. Honorary Woman Grandmaster (H-WGM) (ဂုဏ်ထူးဆောင် အမျိုးသမီး ဂရင်းမာစတာ)
11. Rapid Chess Expert (အမြန် စစ်တုရင် ပါရဂူ)

Subscribe to:
Posts (Atom)