Saturday, January 29, 2011

၂၀၁၃ ခုနှစ် ဆီးဂိမ်းတွင် မြန်မာ့ရိုးရာ စစ်တုရင် ကစားနည်း ထည့်သွင်းကျင်းပမည်

Tuesday, 21 September 2010 14:06
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်မည့် ၂၀၁၃ ခုနှစ်၊ (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းအား ထည့်သွင်းကျင်းပသွားရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်ကပြောသည်။ “မြန်မာနိုင်ငံမှာ ပြုလုပ်မယ့်၂၀၁၃ ဆီးဂိမ်းမှာ စစ်တုရင် အားကစားနည်းကို ထည့်သွင်းကျင်းပမှာပါ။ ထိုအတူပဲ မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းကိုလည်း ထည့်သွင်း ကျင်းပနိုင်ဖို့ စီစဉ်နေပါတယ်။ မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းနဲ့ ကိုးဆယ်ရာခိုင်နှုန်းလောက် တူညီတဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း ကန့်ကွက်တာ မရှိပါဘူး။ အခြား သက်ဆိုင်ရာနိုင်ငံတွေကလည်း ထောက်ခံကြမယ့် အနေအထားရှိပါတယ်” ဟုဦးမောင်မောင်လွင်က ပြောသည်။ မြန်မာနိုင်ငံတွင် ရိုးရာစစ်တုရင် အားကစာနည်းပြိုင်ပွဲအား မကျင်းပဖြစ်သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပြီး၊ မြန်မာ့ရိုးရာတံခွန်စိုက် စစ်တုရင်ပြိုင်ပွဲအား ၂၀၀၈ခုနှစ်မှ စတင်ကာ ပြန်လည် ကျင်းပနိုင်ခဲ့သည်။ ယခုနှစ်တွင်လည်း စက်တင်ဘာ ၂၇ ရက်မှ စတင်ကျင်းပမည့် ပြည်နယ်နှင့်တိုင်း စစ်တုရင်ပြိုင်ပွဲနှင့် တစ်ဆက်တည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ့ရိုးရာ စစ်တုရင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့အပြင် မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းအား လူငယ်များကြားတွင် ပိုမိုပျံ့နှံ့စေရန်အတွက် ပြိုင်ပွဲများကို တိုးချဲ့ ကျင်းပသွားမည်ဖြစ်ပြီး လူသစ်တန်း၊ လူငယ်ပြိုင်ပွဲများ ကျင်းပကာ မျိုးဆက်သစ် ကစားသမားများကို ရှာဖွေသွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။...source:www.planet.com.mm