(14.5.2013, Tuesday)
အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ
နိုင်ငံ စစ်တုရင် အဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသည့် (၃၈)ကြိမ်မြောက် ဝန်ကြီး
ဌာနပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို မေလ (၁၆)ရက်နေ့မှ (၂၄)ရက်နေ့အထိ
ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ပွဲဝင်း မိုးလုံလေလုံအားကစားရုံ
တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးဌာနများမှ စစ်တုရင်
အသင်းများအနေဖြင့် မေလ (၁၄)ရက်နေ့၊ နေ့လည် (၁) နာရီတွင် မြန်မာ
နိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ရုံးခန်း၌ ပြုလုပ်မည့် အသင်းအုပ်ချုပ်သူများ
အစည်းအဝေးပွဲသို့ တက်ရောက်ပြီး စာရင်းပေးသွင်းရမည် ဖြစ်ပြီး ပြိုင်ပွဲ
တွင် ပထမတန်း အသင်းလိုက်ပြိုင်ပွဲ၊ ဒုတိယတန်း အသင်းလိုက်ပြိုင်ပွဲ၊
တတိယတန်း အသင်းလိုက်ပြိုင်ပွဲနှင့် အမြန်ရွှေ့ အသင်းလိုက်ပြိုင်ပွဲများ
ပါဝင်မည်။
ကျင်းပပြီးစီးခဲ့သော (၃၇)ကြိမ်မြောက် ဝန်ကြီးဌာနပေါင်းစုံ
စစ်တုရင်ပြိုင်ပွဲတွင် ပထမတန်း အသင်းလိုက်ပြိုင်ပွဲကို ပြည်ထဲရေး
ဝန်ကြီးဌာန၊ ဒုတိယတန်း အသင်းလိုက်ပြိုင်ပွဲတွင် လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန တတိယတန်း အသင်းလိုက် ပြိုင်ပွဲကို ပတ်ဝန်း
ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ အမြန်ရွှေ့ ပြိုင်ပွဲတွင်
ပို့ဆောင်ရေးဝန်ကြီးဌာန စစ်တုရင်အသင်းများတွင် တံခွန်စိုက် ဒိုင်းများ
ရရှိထားပြီး စွယ်စုံတံခွန်စိုက် ဒိုင်းဆုကြီးကို လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနက ရရှိခဲ့ကြောင်း သတင်းရရှိသည်။
About
- မူလစာမျက်နှာ
- ပြည်ပသတင်းများ
- ပြည်တွင်းသတင်းများ
- အဖွင့်ပိုင်းထောင်ချောက်ကွက်နှင့် ပဟေဠိများ
- ကမ္ဘာ့အဆင့်သတ်မှတ်ချက်
- ဂရင်းမာစတာဖြစ်ရန်
- ဆီးဂိမ်းစစ်တုရင်(SEA Game)
- စစ်တုရင်ဆောင်းပါးများ
- မဟာဗျူဟာ၊ နည်းဗျူဟာများ
- ကမ္ဘာကျော်ပြိုင်ပွဲကြီးများ
- မြန်မာ့ရိုးရာစစ်တုရင်
- စစ်တုရင်ဘွဲ့များ
- မြန်မာ့စစ်တုရင်ကစားသမားများ
- ဒေါင်းလုပ်(Download)
Tuesday, May 21, 2013
Sunday, March 3, 2013
Friday, March 1, 2013
Thursday, February 14, 2013
ကမ္ဘာ့ အကောင်းဆုံး စစ်တုရင် (၃၀)ဦး (၂၀၁၃ခုနှစ် ဇန်န၀ါရီလ ထုတ်ပြန်ချက်)
ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်၏ (၁)လလျှင် တစ်ခါထုတ်ပြန်ပေးနေသော ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ဖြစ်ပါသည်။ ယခင်က (၂)လလျှင် တစ်ခါသာ ထုတ်ပြန်ပေးခဲ့သော်လည်း ၂၀၁၂ခုနှစ်၊ သြဂုတ်လမှစတင်ပြီး တစ်လတစ်ခါထုတ်ပြန်ပေးနေသော ကမ္ဘာ့အဆင့်(၁၀၀)ထဲမှ ထိပ်ဆုံး(၃၀)ဦးကိုသာ ဖော်ပြပေးနေခြင်းဖြစ်ပါသည်။
Wednesday, December 19, 2012
Yangon International Chess Open 2011 ဓာတ်ပုံများ
ရန်ကုန် အင်တာနေရှင်နယ် အိုးပင်း စစ်တုရင်ပြိုင်ပွဲ ၂၀၁၁ခုနှစ်ရဲ့ ဓာတ်ပုံတွေပါ။ ဒီမှာနှိပ်ပြီးဒေါင်းပါ။
ပေးပို့သူ : ကိုဇော်ကြီး(မန္တလေး)အား ကျေးဇူးအထူးတင်ရှိပါသည်။
ပေးပို့သူ : ကိုဇော်ကြီး(မန္တလေး)အား ကျေးဇူးအထူးတင်ရှိပါသည်။
Subscribe to:
Posts (Atom)
.jpg)
+.jpg)

.jpg)
.jpg)










