Thursday, June 6, 2013

အမြန်ရွှေ့စစ်တုရင်ပြိုင်ပွဲ ကျင်းပမည်

     ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်းရှိ မိုးလုံလေလုံအားကစားရုံတွင် အိုလံပစ်နေ့အထိမ်းအမှတ် (၂၅)မိနစ်အမြန်ရွှေ့စစ်တုရင်ပြိုင်ပွဲကို ၂၀၁၃ခုနှစ်၊ ဇွန်လ(၁၈)ရက်နေ့မှ (၂၀)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ရုံးအဖွဲ့မှူး ဦးမျိုးဇော်မင်းက ပြောကြားသည်။
     မည်သူမဆို ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်လိုသူများသည် ဇွန်လ(၁၆)ရက်နေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တွင် စာရင်းပေးသွင်းရမည်ဖြစ်ကာ ပြိုင်ပွဲဝင်ကြေးမှာ ကျပ်(၂၀၀၀)သတ်မှတ်ထားကြောင်း ၄င်းကရှင်းပြသည်။
     ယင်းပြိုင်ပွဲအတွက် ဆုကြေးငွေကို ၀င်ရောက်ယှဉ်ပြိုင်မည့် အရေအတွက်ပေါ်မူတည်ကာ သတ်မှတ်မည်ဖြစ်ကြောင်း ရုံးအဖွဲ့မှူးက ပြောဆိုသည်။

မှတ်ချက်။     ။ The Voice Daily Vol.1/No.51 မှကူးယူဖော်ပြပါသည်။