Wednesday, June 19, 2013

ဆဋ္ဌမအကြိမ်မြောက် မန္တလေးတိုင်းဒေသကြီး စစ်တုရင်ဆပ်ကော်မတီ ဥက္ကဋ္ဌဖလား

အပြည်ပြည်ဆိုင်ရာစစ်တုရင် နှင့် မြန်မာ့ရိုးရာစစ်တုရင် ပြိုင်ပွဲဖွင့်ပွဲကျင်းပ

မန္တလေး ၊ ၁၃-၆-၂၀၁၃
     ဆဋ္ဌမ အကြိမ်မြောက် မန္တလေးတိုင်း ဒေသကြီး စစ်တုရင် ဆပ်ကော်မတီ ဥက္ကဋ္ဌဖလား အပြည်ပြည် ဆိုင်ရာ စစ်တုရင် အသင်းလိုက် ပြိုင်ပွဲ နှင့် မြန်မာ့ရိုးရာ စစ်တုရင် တစ်ဦးချင်း ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကို ဇွန်လ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့ ၊ အောင်မြေသာစံ မြို့နယ် ၊ ပုလဲငွေရောင် ရပ် ၊ ၂၁ လမ်း နှင့် ၈၆ လမ်းထောင့် ရှိ မန္တလေးမြို့ ဂုဏ်ဆောင် ၊ မန္တလေးမြို့ တူရိယာ အသင်းတိုက် ခန်းမ၌ ကျင်းပရာ ပြိုင်ပွဲတွင် နည်းပညာ တက္ကသိုလ် အသင်း ၊ ဟိန်း (က) နှင့် (ခ) အသင်း ၊ ပပ၀င်း (က) နှင့် (ခ) အသင်း ၊ အား/ကာ သိပ္ပံ (က) နှင့် (ခ)အသင်း ၊ အမရပူရ မြို့နယ်အသင်း ၊ ရှေ့နေကြီးများ (က) နှင့် (ခ)အသင်း စသည့် စစ်တုရင် အသင်း (၁၀)သင်း တို့မှ အားကစား သမားများ ပါဝင် ယှဉ်ပြိုင် ကြပြီး ဖွင့်ပွဲသို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကိုကိုကြီး ၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုးထွန်း ၊ မန္တလေးတိုင်း ဒေသကြီး အားကစား နှင့် ကာယပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးဝေဇင် ၊ မြန်မာနိုင်ငံ ဆရာဝန် အသင်း (မန္တလေး) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ သစ်လွင် ၊ ပြိုင်ပွဲ ဒိုင်ချုပ် စစ်တုရင် အတွင်းရေးမှူး ဦးနေ၀င်း နှင့် အဖွဲ့ဝင်များ ၊ ဖိတ်ကြား ထားသူများ ၊ ပြိုင်ပွဲဝင် အသင်းမှ တာဝန်ရှိ သူများ ၊ စစ်တုရင် အားကစား ၀ါသနာရှင်များ တက်ရောက် ကြကြောင်း သိရသည်။
     ရှေးဦးစွာ ဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာစိုးထွန်း ကအမှာစကား ပြောကြား၍ အပြည်ပြည်ဆိုင်ရာ စစ်တုရင် ပြိုင်ပွဲ ပထမရွှေ့ကွက် စစ်တုရင် ကစားရုပ် ကို ရွှေ့ပေးပြီး အား/ကာ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝေဇင် က မြန်မာ့ရိုးရာ စစ်တုရင် ပြိုင်ပွဲ ပထမ ရွှေ့ကွက် စစ်တုရင် ကစားရုပ် တို့အား ရွှေ့ပေး၍ ဖွင့်လှစ် ပေးခဲ့ပြီး ပြိုင်ပွဲဝင် များက စစ်တုရင် ပြိုင်ပွဲကို ဇွန်လ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့ အထိ မန္တလေးမြို့ မြို့မ တူရိယာ အသင်းတိုက် ခန်းမ၌ ယှဉ်ပြိုင် ကစား ကြမည် ဖြစ်ကြောင်း သိရှိရသည်။
 
Source: The Myawady Daily