Tuesday, May 21, 2013

(၃၈)ကြိမ်မြောက် ဝန်ကြီးဌာနပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ (၁၆-၂၄၊ မေလ၊ ၂၀၁၃ခုနှစ်)

(14.5.2013, Tuesday)
     အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ
နိုင်ငံ စစ်တုရင် အဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသည့် (၃၈)ကြိမ်မြောက် ဝန်ကြီး
ဌာနပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို မေလ (၁၆)ရက်နေ့မှ (၂၄)ရက်နေ့အထိ
ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ပွဲဝင်း မိုးလုံလေလုံအားကစားရုံ
တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးဌာနများမှ စစ်တုရင်
အသင်းများအနေဖြင့် မေလ (၁၄)ရက်နေ့၊ နေ့လည် (၁) နာရီတွင် မြန်မာ
နိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ရုံးခန်း၌ ပြုလုပ်မည့် အသင်းအုပ်ချုပ်သူများ
အစည်းအဝေးပွဲသို့ တက်ရောက်ပြီး စာရင်းပေးသွင်းရမည် ဖြစ်ပြီး ပြိုင်ပွဲ
တွင် ပထမတန်း အသင်းလိုက်ပြိုင်ပွဲ၊ ဒုတိယတန်း အသင်းလိုက်ပြိုင်ပွဲ၊
တတိယတန်း အသင်းလိုက်ပြိုင်ပွဲနှင့် အမြန်ရွှေ့ အသင်းလိုက်ပြိုင်ပွဲများ
ပါဝင်မည်။

     ကျင်းပပြီးစီးခဲ့သော (၃၇)ကြိမ်မြောက် ဝန်ကြီးဌာနပေါင်းစုံ
စစ်တုရင်ပြိုင်ပွဲတွင် ပထမတန်း အသင်းလိုက်ပြိုင်ပွဲကို ပြည်ထဲရေး
ဝန်ကြီးဌာန၊ ဒုတိယတန်း အသင်းလိုက်ပြိုင်ပွဲတွင် လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန တတိယတန်း အသင်းလိုက် ပြိုင်ပွဲကို ပတ်ဝန်း
ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ အမြန်ရွှေ့ ပြိုင်ပွဲတွင်
ပို့ဆောင်ရေးဝန်ကြီးဌာန စစ်တုရင်အသင်းများတွင် တံခွန်စိုက် ဒိုင်းများ
ရရှိထားပြီး စွယ်စုံတံခွန်စိုက် ဒိုင်းဆုကြီးကို လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနက ရရှိခဲ့ကြောင်း သတင်းရရှိသည်။