Wednesday, July 25, 2012

အာဆီယံနိုင်ငံများ တက္ကသိုလ်/ကောလိပ် စစ်တုရင်ပြိုင်ပွဲ

     အာဆီယံနိုင်ငံများ တက္ကသိုလ်/ကောလိပ် စစ်တုရင်ပြိုင်ပွဲကို ဇူလိုင်(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ နည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ညီလှိုင်စိုးက အမျိုးသားအလွတ်တန်းတွင် ပထမဆုရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ တက္ကသိုလ်/ကောလိပ်အသင်းပေါင်း(၄၀)မှ စစ်တုရင်ကစားသမား (၁၅၀)ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

source:  : Weekly Eleven(No.42, Vol.7)