ရန်ကုန် ဇူလိုင်(၇)ရက်
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင်(၇)ရက်မှ (၁၃)ရက်နေ့အထိကျင်းပမည့် မြန်မာ့ရိုးရာစစ်တုရင်အားကစားဆွေးနွေးပွဲနှင့် အာဆီယံနိုင်ငံများ တက္ကသိုလ်/ကောလိပ် စစ်တုရင်ပြိုင်ပွဲသို့ အဖွဲ့ဝင်(၄)ဦးပါ မြန်မာစစ်တုရင်အဖွဲ့သည် ဇူလိုင်လ(၅)ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားသည်။
မြန်မာစစ်တုရင်အဖွဲ့တွင် မြန်မာ့ရိုးရာစစ်တုရင်အားကစားအကြောင်း ဆွေးနွေးရန် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ ဒုဥက္ကဋ္ဌ ဦးဝင်းအောင်၊ အမှုဆောင် ဦးတိုးနှင့် အာဆီယံနိုင်ငံများ တက္ကသိုလ်/ကောလိပ် စစ်တုရင်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ညီလှိုင်စိုး(နည်းပညာတက္ကသိုလ် - စစ်ကိုင်းတိုင်းဒေသကြီး)တို့ လိုက်ပါသွားကြောင်း သတင်းရရှိပါသည်။
Source: ကြေးမုံသတင်းစာ(၈-၇-၂၀၁၂)