ရန်ကုန်၊ ဇွန် ၉
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (မြန်မာ)တွင် အာဆီယံစစ်တုရင်
ကစားနည်းကို ဒုတိယအကြိမ် အဖြစ် ဆက်လက်ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။ (၂၆) ကြိမ်တုန်းကတော့ အာဆီယံစစ်တုရင် ကစားနည်းကို ပထမဆုံးအကြိမ်
ထည့်သွင်းကျင်းပ ခဲ့ပါတယ်။ လာမယ့် ဆီးဂိမ်းမှာတော့ မြန်မာနိုင်ငံက
အိမ်ရှင်နိုင်ငံ ဖြစ်တဲ့ အတွက် အာဆီယံစစ်တုရင် ကစားနည်းကို
ထည့်သွင်းကျင်းပမှာပါ။ အရင်ရှိပြီးသား လက်ရွေးစင်အသင်း လည်းရှိပါတယ်။ အခုက
အိမ်ရှင်ဆို တော့ လက်ရွေးစင် ကစားသမားတွေ များများပေါ်ထွက်အောင်
ပြိုင်ပွဲတွေ လုပ်ပြီးရွေးချယ်သွားမှာပါ”ဟုမြန်မာ နိုင်ငံ စစ်တုရင်
အဖွဲ့ချုပ်မှ ရုံးအဖွဲ့မှူး ဦးမျိုးဇော်မင်း က ပြော သည်။ အာဆီယံစစ်တုရင်
ကစားနည်းသည် မြန်မာ့ရိုးရာ စစ်တုရင်၊ ထိုင်းရိုးရာ စစ်တုရင်နှင့်
ကမ္ဘောဒီးယားရိုးရာ စစ်တုရင် ကစားနည်းများအား ပေါင်းစပ် ထားသည့် ကစားနည်း
ဖြစ်သည်။ ”စစ်တုရင် အဖွဲ့ချုပ်ကတော့ အာဆီယံစစ်တုရင် ကစားနည်းအတွက်
လိုအပ်တဲ့ ပဏာမလက်ရွေးစင် ကစားသမားများကို အိုလံပစ် နေ့ အထိမ်းအမှတ်အဖြစ်
အာဆီယံ စစ်တုရင် ပြိုင်ပွဲပြုလုပ်မှာပါ။ အဲဒီ ပွဲကထူးချွန်တဲ့
ကစားသမားတွေကို လည်း ပဏာမ ရွေးချယ်သွားမှာပါ” ဟု ၄င်းက ဆက်လက်ပြော သည်။
အိုလံပစ်နေ့ အထိမ်းအမှတ် အာဆီယံစစ်တုရင်ပြိုင်ပွဲကို ဇွန် ၂ဝ ရက်မှ ၂၆
ရက်အထိ ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း၊
မည်သူမဆို ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်လိုသည့် အား ကစားသမားများသည်
ဇွန်လ ၁၉ ရက်နေ့ နောက်ဆုံးထား၍ စစ်တုရင် အဖွဲ့ချုပ်ရုံးတွင်
စာရင်းပေးသွင်းနိုင် ကြောင်း သိရသည်။