Wednesday, June 27, 2012

မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းအကြောင်း ပြည်ပသို့ ပထမဆုံးအကြိမ် သွားရောက်ပို့ချ

ရန်ကုန်၊ ဇွန် - ၂၁
     မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
     မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းအား
ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်ဖြစ်သည့်အတွက် အဆိုပါအားကစားနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံစစ်တုရင်
အဖွဲ့ချုပ်က လာရောက်ဆွေးနွေးပို့ချရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးကပြောသည်။
     "အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံကို ပထမဆုံးအကြိမ် မြန်မာ့ရိုးရာစစ်တုရင်အားကစားနည်းနဲ့ပတ်သက်ပြီး
သွားရောက်ဆွေးနွေးပို့ချမှာပါ။ မြန်မာ့ရိုးရာစစ်တုရင် အားကစားနည်းနဲ့ပတ်သက်တဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအပြင်
သူတို့သိချင်တာတွေလည်း ဆွေးနွေးပို့ချသွားမှာပါ။ နောက် တခြား အာဆီယံနိုင်ငံတွေလည်း ဖိတ်ကြားထားတာရှိပါတယ်။
ဆက်လက်သွားရောက် ဆွေးနွေးသွားဖို့စီစဉ်ထားပါတယ်" ဟု အထက်ပါတာဝန်ရှိသူကဆိုပါတယ်။
     အဆိုပါဆွေးနွေးပွဲနှင့်အတူ ကျင်းပမည့် အာဆီယံနိုင်ငံများ တက္ကသိုလ်နှင့်ကောလိပ် စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲသို့လည်း
မြန်မာနိုင်ငံမှ မောင်ညီလှိုင်စိုး(ပထမနှစ်၊ နည်းပညာတက္ကသိုလ်၊စစ်ကိုင်း)မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီး အသင်းလိုက်နှင့် တစ်ဦးချင်းပြိုင်ပွဲများထည့်သွင်းကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲဝင်အားကစား
သမားများသည် အသက်၂၅နှစ်အောက် ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
     မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ပထမဆုကြေးငွေကို အင်ဒိုနီးရှားရူးပီးယား ကျပ်သိန်း
(၉၀) ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Source: 7 Day News Journal