ဇွန်လ(၂၀)ရက်နေ့ မွန်းလွဲ ၂ နာရီတွင် အားကစား
ဝန်ကြီးဌာန အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စစ်တုရင်
အဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂ဝ၁၃ ခုနှစ် အိုလံပစ်နေ့ အထိမ်းအမှတ်စစ်တုရင်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ
အခမ်းအနားကို ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ဝင်းရှိ မိုးလုံလေလုံ
အားကစား ပြိုင်ပွဲရုံ၌ ကျင်းပရာ ရှေးဦးစွာ ပြိုင်ပွဲဝင် စစ်တုရင် အားကစား
သမားများ သတ်မှတ်နေရာတွင် နေရာယူကြပြီး မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်
တွဲဖက် အတွင်းရေးမှူး ဦးကြည်သိန်းက ပထမမှ ဆဋ္ဌမအထိ ဆုရရှိကြသော စစ်တုရင်
အားကစား သမားများအား ဆုကြေးငွေ များ ပေးအပ် ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံ စစ်တုရင်
အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးဝင်းအောင်က ပထမဆုရ ဝင်းဇော်ထွန်း (လယ်/ဆည်)၊
ဒုတိယဆုရ ကျော်လင်းနိုင်(သစ်တော)နှင့် တတိယဆုရ မောင်မောင်လတ် (ပြည်ထဲရေး)
တို့အား တံခွန်စိုက် ဆုများကို ပေးအပ် ချီးမြှင့် ခဲ့ကြောင်း သတင်း
ရရှိသည်။