Saturday, February 12, 2011

မြန်မာ့ရိုးရာ စစ်တုရင် တစ်ဦးချင်းတံခွန်စိုက်ပွဲ (၂၀၁၀)

မြန်မာ့ရိုးရာ စစ်တုရင် တစ်ဦးချင်းတံခွန်စိုက်ပွဲ၌ ၀င်းဇော်ထွန်း(ရန်ကုန်) ပထမဆုရရှိ
ထက်နေ
အတွဲအမှတ် (၂၅ ၊ အမှတ် ၄၈၈)
တတိယအကြိမ် မြန်မာ့ရိုးရာစစ်တုရင် ပြိုင်ပွဲတွင် တစ်ဦးချင်းတံခွန်စိုက်ပွဲစဉ်၌ ပထမဆုကို ၀င်းဇော်ထွန်း(ရန်ကုန်) က ဆွတ်ခူးရရှိခဲ့ သည်။ အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ်တို့မှ ကြီးမှူး၍ ၃၅ ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းဒေသကြီး စစ်တုရင်ပြိုင်ပွဲ နှင့် တတိယ အကြိမ် မြန်မာ့ရိုးရာစစ်တုရင်ပြိုင်ပွဲ အား ၂၀၁၀ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှ အောက်တိုဘာလ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့ အောင်ဆန်းအားကစား ပြိုင်ကွင်းရှိ မိုးလုံလေလုံအားကစားရုံ အတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ယခုအကြိမ်အတွက် အပြည်ပြည် ဆိုင်ရာ စစ်တုရင် အသက် ၁၈ နှစ် အောက် လူငယ်တစ်ဦးချင်း ပြိုင်ပွဲတွင် နိုင်လင်း (စစ်ကိုင်း)မှ ပထမ၊ အပြည် ပြည်ဆိုင်ရာ စစ်တုရင် အသက် ၂၀ နှစ် အောက် လူငယ်တစ်ဦးချင်း ပြိုင်ပွဲတွင် နိုင်မျိုးအောင် (စစ်ကိုင်း) မှ ပထမ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် လူငယ် အသင်းလိုက်ပြိုင်ပွဲ တွင် စစ်ကိုင်းတိုင်း ဒေသကြီး မှ ပထမ၊ မြန်မာ့ရိုးရာ စစ် တုရင် အသင်း လိုက်ပြိုင်ပွဲတွင် ရန်ကုန် တိုင်း ဒေသကြီးမှ ပထမ၊ အပြည်ပြည် ဆိုင်ရာ စစ်တုရင် အလွတ်တန်း အသင်း လိုက်ပြိုင်ပွဲ တွင် ရန်ကုန် တိုင်းဒေသ ကြီးမှ ပထမ၊ အပြည်ပြည်ဆိုင်ရာ စစ်တုရင် တစ်ဦးချင်းကစားခုံဆုများ တွင် ကစား ခုံ-၁အတွက် မြင့်ဟန် (ရန်ကုန်) မှ ပထမ၊ ကစားခုံ ၂ အတွက် သန်းမင်းလှိုင်(ရန်ကုန်)မှ ပထမ၊ ကစား ခုံ ၃အတွက် စ၀်ပီတာလင်း (ရှမ်း-တောင်)မှပထမ၊ကစားခုံ ၄ အတွက် ကျော် လေးထိုက် (မန္တလေး) မှ ပထမ၊ အရန်ခုံ ဆုအတွက် လင်းမင်းထိုက် (တနင်္သာရီ)မှ ပထမ၊ မြန်မာ့ရိုးရာ စစ်တုရင် တစ်ဦးချင်းတံခွန်စိုက်ပြိုင်ပွဲအတွက်ဝင်းဇော်ထွန်း (ရန်ကုန်)မှ ပထမ၊ Fischer Round Chess တစ်ဦးချင်း စစ်တုရင်ပြိုင်ပွဲအတွက် မြင့်ဟန် (ရန်ကုန်)မှ ပထမနှင့် စွယ်စုံတံခွန်စိုက် ဒိုင်းဆု ကြီးအား ရန်ကုန်တိုင်း ဒေသကြီးတို့ မှ အသီးသီး ဆွတ်ခူးရယူခဲ့ကြသည်။