အာဆီယံနိုင်ငံများ တက္ကသိုလ်/ကောလိပ် စစ်တုရင်ပြိုင်ပွဲကို ဇူလိုင်(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင်ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ နည်းပညာတက္ကသိုလ် ပထမနှစ်ကျောင်းသား ညီလှိုင်စိုးက အမျိုးသားအလွတ်တန်းတွင် ပထမဆုရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါပြိုင်ပွဲတွင် အင်ဒိုနီးရှား၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့မှ တက္ကသိုလ်/ကောလိပ်အသင်းပေါင်း(၄၀)မှ စစ်တုရင်ကစားသမား (၁၅၀)ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါသည်။
source: : Weekly Eleven(No.42, Vol.7)
About
- မူလစာမျက်နှာ
- ပြည်ပသတင်းများ
- ပြည်တွင်းသတင်းများ
- အဖွင့်ပိုင်းထောင်ချောက်ကွက်နှင့် ပဟေဠိများ
- ကမ္ဘာ့အဆင့်သတ်မှတ်ချက်
- ဂရင်းမာစတာဖြစ်ရန်
- ဆီးဂိမ်းစစ်တုရင်(SEA Game)
- စစ်တုရင်ဆောင်းပါးများ
- မဟာဗျူဟာ၊ နည်းဗျူဟာများ
- ကမ္ဘာကျော်ပြိုင်ပွဲကြီးများ
- မြန်မာ့ရိုးရာစစ်တုရင်
- စစ်တုရင်ဘွဲ့များ
- မြန်မာ့စစ်တုရင်ကစားသမားများ
- ဒေါင်းလုပ်(Download)
Wednesday, July 25, 2012
Monday, July 9, 2012
မြန်မာစစ်တုရင်အဖွဲ့ အင်ဒိုနီးရှားသို့ထွက်ခွာ
ရန်ကုန် ဇူလိုင်(၇)ရက်
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ဇူလိုင်(၇)ရက်မှ (၁၃)ရက်နေ့အထိကျင်းပမည့် မြန်မာ့ရိုးရာစစ်တုရင်အားကစားဆွေးနွေးပွဲနှင့် အာဆီယံနိုင်ငံများ တက္ကသိုလ်/ကောလိပ် စစ်တုရင်ပြိုင်ပွဲသို့ အဖွဲ့ဝင်(၄)ဦးပါ မြန်မာစစ်တုရင်အဖွဲ့သည် ဇူလိုင်လ(၅)ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားသည်။
မြန်မာစစ်တုရင်အဖွဲ့တွင် မြန်မာ့ရိုးရာစစ်တုရင်အားကစားအကြောင်း ဆွေးနွေးရန် မြန်မာနိုင်ငံစစ်တုရင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်လွင်၊ ဒုဥက္ကဋ္ဌ ဦးဝင်းအောင်၊ အမှုဆောင် ဦးတိုးနှင့် အာဆီယံနိုင်ငံများ တက္ကသိုလ်/ကောလိပ် စစ်တုရင်ပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ညီလှိုင်စိုး(နည်းပညာတက္ကသိုလ် - စစ်ကိုင်းတိုင်းဒေသကြီး)တို့ လိုက်ပါသွားကြောင်း သတင်းရရှိပါသည်။
Source: ကြေးမုံသတင်းစာ(၈-၇-၂၀၁၂)
Sunday, July 1, 2012
ကမ္ဘာ့ အကောင်းဆုံး စစ်တုရင် (၃၀)ဦး (၂၀၁၂ခုနှစ် ဇူလိုင်လ ထုတ်ပြန်ချက်)
ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်၏ (၂)လလျှင် တစ်ခါထုတ်ပြန်ပေးနေသော အဆင့်သတ်မှတ်ချက်များ ဖြစ်ပါသည်။
Top 30 Players (July, 2012)
| Rank | Name | Title | Country | Rating | Games | B-Year |
| 1 | Carlsen, Magnus | g | NOR | 2837 | 9 | 1990 |
| 2 | Aronian, Levon | g | ARM | 2816 | 15 | 1982 |
| 3 | Kramnik, Vladimir | g | RUS | 2799 | 15 | 1975 |
| 4 | Radjabov, Teimour | g | AZE | 2788 | 9 | 1987 |
| 5 | Anand, Viswanathan | g | IND | 2780 | 12 | 1969 |
| 6 | Karjakin, Sergey | g | RUS | 2779 | 0 | 1990 |
| 7 | Nakamura, Hikaru | g | USA | 2778 | 23 | 1987 |
| 8 | Caruana, Fabiano | g | ITA | 2775 | 22 | 1992 |
| 9 | Morozevich, Alexander | g | RUS | 2770 | 9 | 1977 |
| 10 | Ivanchuk, Vassily | g | UKR | 2769 | 15 | 1969 |
| 11 | Grischuk, Alexander | g | RUS | 2763 | 9 | 1983 |
| 12 | Topalov, Veselin | g | BUL | 2752 | 0 | 1975 |
| 13 | Svidler, Peter | g | RUS | 2749 | 4 | 1976 |
| 14 | Kamsky, Gata | g | USA | 2744 | 11 | 1974 |
| 15 | Wang, Hao | g | CHN | 2739 | 10 | 1989 |
| 16 | Gelfand, Boris | g | ISR | 2738 | 12 | 1968 |
| 17 | Gashimov, Vugar | g | AZE | 2737 | 0 | 1986 |
| 18 | Jakovenko, Dmitry | g | RUS | 2736 | 0 | 1983 |
| 19 | Tomashevsky, Evgeny | g | RUS | 2733 | 9 | 1987 |
| 20 | Bologan, Viktor | g | MDA | 2732 | 9 | 1971 |
| 21 | Jobava, Baadur | g | GEO | 2730 | 10 | 1983 |
| 22 | Leko, Peter | g | HUN | 2730 | 7 | 1979 |
| 23 | Mamedyarov, Shakhriyar | g | AZE | 2726 | 0 | 1985 |
| 24 | Ponomariov, Ruslan | g | UKR | 2726 | 0 | 1983 |
| 25 | Dominguez Perez, Leinier | g | CUB | 2725 | 10 | 1983 |
| 26 | Adams, Michael | g | ENG | 2723 | 14 | 1971 |
| 27 | Riazantsev, Alexander | g | RUS | 2720 | 13 | 1985 |
| 28 | Nepomniachtchi, Ian | g | RUS | 2718 | 10 | 1990 |
| 29 | Wojtaszek, Radoslaw | g | POL | 2717 | 0 | 1987 |
| 30 | Fressinet, Laurent | g | FRA | 2714 | 9 | 1981 |
Wednesday, June 27, 2012
မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းအကြောင်း ပြည်ပသို့ ပထမဆုံးအကြိမ် သွားရောက်ပို့ချ
ရန်ကုန်၊ ဇွန် - ၂၁
မြန်မာနိုင်ငံ စစ်တုရင်အဖွဲ့ချုပ်မှ တာဝန်ရှိသူများသည် မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းနှင့် ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ဆွေးနွေးပို့ချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာ့ရိုးရာ စစ်တုရင်အားကစားနည်းအား
ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်ဖြစ်သည့်အတွက် အဆိုပါအားကစားနှင့်ပတ်သက်၍ အင်ဒိုနီးရှားနိုင်ငံစစ်တုရင်
အဖွဲ့ချုပ်က လာရောက်ဆွေးနွေးပို့ချရန် ဖိတ်ကြားခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးကပြောသည်။
"အာဆီယံနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံကို ပထမဆုံးအကြိမ် မြန်မာ့ရိုးရာစစ်တုရင်အားကစားနည်းနဲ့ပတ်သက်ပြီး
သွားရောက်ဆွေးနွေးပို့ချမှာပါ။ မြန်မာ့ရိုးရာစစ်တုရင် အားကစားနည်းနဲ့ပတ်သက်တဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေအပြင်
သူတို့သိချင်တာတွေလည်း ဆွေးနွေးပို့ချသွားမှာပါ။ နောက် တခြား အာဆီယံနိုင်ငံတွေလည်း ဖိတ်ကြားထားတာရှိပါတယ်။
ဆက်လက်သွားရောက် ဆွေးနွေးသွားဖို့စီစဉ်ထားပါတယ်" ဟု အထက်ပါတာဝန်ရှိသူကဆိုပါတယ်။
အဆိုပါဆွေးနွေးပွဲနှင့်အတူ ကျင်းပမည့် အာဆီယံနိုင်ငံများ တက္ကသိုလ်နှင့်ကောလိပ် စစ်တုရင်တံခွန်စိုက်ပြိုင်ပွဲသို့လည်း
မြန်မာနိုင်ငံမှ မောင်ညီလှိုင်စိုး(ပထမနှစ်၊ နည်းပညာတက္ကသိုလ်၊စစ်ကိုင်း)မှ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
ပြိုင်ပွဲတွင် အမျိုးသား၊အမျိုးသမီး အသင်းလိုက်နှင့် တစ်ဦးချင်းပြိုင်ပွဲများထည့်သွင်းကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲဝင်အားကစား
သမားများသည် အသက်၂၅နှစ်အောက် ဖြစ်ရမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ ပထမဆုကြေးငွေကို အင်ဒိုနီးရှားရူးပီးယား ကျပ်သိန်း
(၉၀) ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
Source: 7 Day News Journal
Friday, June 15, 2012
မျက်နှာနှစ်ခုနဲ့လူ
တချို့ကပြောကြတယ်။ စစ်တုရင်
ကစားနည်းဟာ အတော်ရှုပ်တာတဲ့ ဟုတ်ကဲ့။ စတုရန်း ၆၄ ကွက်။ တစ်ဖက်မှာ ကစားကောင်က ၁၆
ရုပ်စီ။ အမျိုးအမည် ၆ မျိုး။ နယ် ၈ ရုပ်၊ မြင်း ၂ ရုပ်၊ ဘုန်းကြီး ၂ ရုပ်၊
မိဖုရား ၁ ရုပ်၊ မင်းကြီး ၁ ရုပ်။ အနက် ၁၆ ရုပ်၊ အဖြူ ၁၆ ရုပ်။
ကစားတတ်ဖို့က အခြေခံအနေနဲ့ အရုပ်တွေ
ရွှေ့ကွက်နဲ့ စားကွက်တွေ နားလည်ရမယ်။ ကစားတတ်ပြီ ဆိုရင် စနစ်တကျ ကစားတတ်ဖို့
လိုက်နာရမယ့် စည်းမျဉ်း၊ စည်းကမ်းတွေကို သိရမယ်။ ပြိုင်ပွဲဝင်ဖို့ အတွက်ကျတော့ ပြိုင်ပွဲစည်းကမ်းတွေ ရှိလာတယ်။
ပြောရရင် စစ်တုရင်ကစားရာမှာ
လိုက်နာရမယ့် 'စည်းကမ်း'ရယ် ကျင့်သုံးရမယ့် 'ကျင့်ဝတ်'ရယ် ဆိုတာ ရှိတယ်။ တကယ့်
အဖြစ်အပျက်တွေဟာ စိတ်ကူးယဉ်ထက် ဆန်းကြယ်တယ်လို့ ဆိုကြတယ်။ ဒီနေ့ခေတ် ကလေးတွေကို
အကြွေစေ့တွေ အကြောင်း ပြောရင် ယုံချင်မှာ မဟုတ်ဘူး။ တစ်လမှာ
လစာခြောက်ဆယ်သာသာရတဲ့ ရုံးလုလင်တစ်ယောက် ၀င်ငွေဟာ မိသားစု ရှစ်ယောက် လောက်ငတယ်။
မနက်တိုင်း ကော်ဖီကြမ်းနဲ့ ပဲပြုတ် ထမင်းကြော် စားနိုင်တယ်ဆို ပုံပြင်လို့
ထင်မှာ။ သူတို့ရဲ့ ပတ်ဝန်းကျင်နဲ့ နှိုင်းယှဉ်မှာကိုး။ သူတို့ခေတ်နဲ့ စားနိုင်တယ်ဆို ပုံပြင်လို့ ထင်မှာ။ သူတို့ခေတ်နဲ့ ထင်ဟပ်ကြမှာကိုး။
သုံးမျိုးစပ် အာဆီယံစစ်တုရင်
ရန်ကုန်၊ ဇွန် ၉
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (မြန်မာ)တွင် အာဆီယံစစ်တုရင် ကစားနည်းကို ဒုတိယအကြိမ် အဖြစ် ဆက်လက်ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။ (၂၆) ကြိမ်တုန်းကတော့ အာဆီယံစစ်တုရင် ကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပ ခဲ့ပါတယ်။ လာမယ့် ဆီးဂိမ်းမှာတော့ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ ဖြစ်တဲ့ အတွက် အာဆီယံစစ်တုရင် ကစားနည်းကို ထည့်သွင်းကျင်းပမှာပါ။ အရင်ရှိပြီးသား လက်ရွေးစင်အသင်း လည်းရှိပါတယ်။ အခုက အိမ်ရှင်ဆို တော့ လက်ရွေးစင် ကစားသမားတွေ များများပေါ်ထွက်အောင် ပြိုင်ပွဲတွေ လုပ်ပြီးရွေးချယ်သွားမှာပါ”ဟုမြန်မာ နိုင်ငံ စစ်တုရင် အဖွဲ့ချုပ်မှ ရုံးအဖွဲ့မှူး ဦးမျိုးဇော်မင်း က ပြော သည်။ အာဆီယံစစ်တုရင် ကစားနည်းသည် မြန်မာ့ရိုးရာ စစ်တုရင်၊ ထိုင်းရိုးရာ စစ်တုရင်နှင့် ကမ္ဘောဒီးယားရိုးရာ စစ်တုရင် ကစားနည်းများအား ပေါင်းစပ် ထားသည့် ကစားနည်း ဖြစ်သည်။ ”စစ်တုရင် အဖွဲ့ချုပ်ကတော့ အာဆီယံစစ်တုရင် ကစားနည်းအတွက် လိုအပ်တဲ့ ပဏာမလက်ရွေးစင် ကစားသမားများကို အိုလံပစ် နေ့ အထိမ်းအမှတ်အဖြစ် အာဆီယံ စစ်တုရင် ပြိုင်ပွဲပြုလုပ်မှာပါ။ အဲဒီ ပွဲကထူးချွန်တဲ့ ကစားသမားတွေကို လည်း ပဏာမ ရွေးချယ်သွားမှာပါ” ဟု ၄င်းက ဆက်လက်ပြော သည်။ အိုလံပစ်နေ့ အထိမ်းအမှတ် အာဆီယံစစ်တုရင်ပြိုင်ပွဲကို ဇွန် ၂ဝ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း၊ မည်သူမဆို ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်လိုသည့် အား ကစားသမားများသည် ဇွန်လ ၁၉ ရက်နေ့ နောက်ဆုံးထား၍ စစ်တုရင် အဖွဲ့ချုပ်ရုံးတွင် စာရင်းပေးသွင်းနိုင် ကြောင်း သိရသည်။
(၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (မြန်မာ)တွင် အာဆီယံစစ်တုရင် ကစားနည်းကို ဒုတိယအကြိမ် အဖြစ် ဆက်လက်ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။ (၂၆) ကြိမ်တုန်းကတော့ အာဆီယံစစ်တုရင် ကစားနည်းကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပ ခဲ့ပါတယ်။ လာမယ့် ဆီးဂိမ်းမှာတော့ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံ ဖြစ်တဲ့ အတွက် အာဆီယံစစ်တုရင် ကစားနည်းကို ထည့်သွင်းကျင်းပမှာပါ။ အရင်ရှိပြီးသား လက်ရွေးစင်အသင်း လည်းရှိပါတယ်။ အခုက အိမ်ရှင်ဆို တော့ လက်ရွေးစင် ကစားသမားတွေ များများပေါ်ထွက်အောင် ပြိုင်ပွဲတွေ လုပ်ပြီးရွေးချယ်သွားမှာပါ”ဟုမြန်မာ နိုင်ငံ စစ်တုရင် အဖွဲ့ချုပ်မှ ရုံးအဖွဲ့မှူး ဦးမျိုးဇော်မင်း က ပြော သည်။ အာဆီယံစစ်တုရင် ကစားနည်းသည် မြန်မာ့ရိုးရာ စစ်တုရင်၊ ထိုင်းရိုးရာ စစ်တုရင်နှင့် ကမ္ဘောဒီးယားရိုးရာ စစ်တုရင် ကစားနည်းများအား ပေါင်းစပ် ထားသည့် ကစားနည်း ဖြစ်သည်။ ”စစ်တုရင် အဖွဲ့ချုပ်ကတော့ အာဆီယံစစ်တုရင် ကစားနည်းအတွက် လိုအပ်တဲ့ ပဏာမလက်ရွေးစင် ကစားသမားများကို အိုလံပစ် နေ့ အထိမ်းအမှတ်အဖြစ် အာဆီယံ စစ်တုရင် ပြိုင်ပွဲပြုလုပ်မှာပါ။ အဲဒီ ပွဲကထူးချွန်တဲ့ ကစားသမားတွေကို လည်း ပဏာမ ရွေးချယ်သွားမှာပါ” ဟု ၄င်းက ဆက်လက်ပြော သည်။ အိုလံပစ်နေ့ အထိမ်းအမှတ် အာဆီယံစစ်တုရင်ပြိုင်ပွဲကို ဇွန် ၂ဝ ရက်မှ ၂၆ ရက်အထိ ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း၊ မည်သူမဆို ပါဝင် ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်လိုသည့် အား ကစားသမားများသည် ဇွန်လ ၁၉ ရက်နေ့ နောက်ဆုံးထား၍ စစ်တုရင် အဖွဲ့ချုပ်ရုံးတွင် စာရင်းပေးသွင်းနိုင် ကြောင်း သိရသည်။
Subscribe to:
Posts (Atom)
