Tuesday, October 25, 2011

ပဲခူးတိုင်းဒေသကြီး(၄)ခရိုင်စစ်တုရင်လူရွေးပွဲကျင်းပ

      ရန်ကုန်၊ အောက်တိုဘာ(၂၄)ရက်။    
၂၀၁၁ ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပပြု လုပ်မည့် (၃၆)ကြိမ်မြောက် တိုင်းဒေသကြီးနှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲတွင် အောင်မြင်ထူးချွန်စွာ ပြိုင်ပွဲဝင်နိုင်ရန်အတွက် ပဲခူးတိုင်းဒေသ ကြီး(၄)ခရိုင် စစ်တုရင်လူရွေးပွဲကို အောက်တိုဘာ(၁၈)ရက်နေ့မှ (၁၉)ရက်နေ့အထိတိုင်းဒေသကြီး အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များမှ ပြိုင်ပွဲဝင်ကစားသမား(၃၀)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (၃၆)ကြိမ်မြောက်တိုင်းဒေသကြီး နှင့်ပြည်နယ်စစ်တုရင်ပြိုင်ပွဲအတွက် ပဲခူးခရိုင်မှ ကစားသမား (၅)ဦး၊တောင်ငူ ခရိုင်မှကစားသမား(၃)ဦး၊ ပြည်ခရိုင်မှ ကစားသမား(၄)ဦးနှင့် သာယာဝတီခရိုင်မှ ကစားသမား(၃)ဦးတို့အားရွေးချယ်ခဲ့ကြောင်းသတင်းရရှိသည်။

Champion Challenge Cup Tournament 2011 မြန်မာ့ရိုးရာ စစ်တုရင် (တစ်ဦးချင်း) ပြိုင်ပွဲ ဆုရရှိသည့် ကလပ်အသင်းများ

Sunday, 18 September 2011 14:07 
စဉ် အမည် ကလပ်အသင်း အဆင့်
၁ မောင်မောင်လတ် ရန်ကုန်ကလပ် ပထမ
၂ ငြိမ်းချမ်း ပုသိမ်ကလပ်
ဒုတိယ
၃ နေဦးကျော်ထွန်း မန္တလေးကလပ်
တတိယ

Champion Challenge Cup Tournament 2011 မြန်မာ့ရိုးရာ စစ်တုရင် (အသင်းလိုက်) ပြိုင်ပွဲ ဆုရရှိသည့် ကလပ်အသင်းများ

စဉ် ကလပ်အသင်း အဆင့်
၁ ရန်ကုန်ကလပ် ပထမ
၂ ပုသိမ်ကလပ်
ဒုတိယ
၃ မန္တလေးကလပ်
တတိယ

Saturday, October 1, 2011

Grandmaster Tournament in Yangon

http://myachess.blogspot.com/2011/09/grandmaster-tournament-in-yangon.html မှ ကူးယူဖော်ပြထားပါသည်။

Tuesday, September 27, 2011

ပထမဆု - IM ၀င်းဇော်ထွန်း(မြန်မာ)
ဒုတိယဆု - FM Nguyen Van Hai (ဗီယက်နမ်)

တတိယဆု - GM Bui Vinh (ဗီယက်နမ်)


       Campomanes Memorial International Grandmaster Chess Tournament (21-30 September, 2011) was successfully organized in Yangon, Myanmar. This is the third GM tournament. The first one is 1st TMW GM Tournament in 1998 and the second is Yangon GM Tournament in 1999.

Final Standing
Rank Title Name Rtg FED 1 2 3 4 5 6 7 8 9 10 11 12 13 Pts SB Res.
1 IM Wynn Zaw Htun 2374 MYA * ½ 0 ½ 1 1 ½ 1 1 1 1 1 1 9½ 49.50 0
2 FM Nguyen Van Hai 2240 VIE ½ * 1 ½ ½ ½ 1 ½ ½ 1 1 ½ 1 8½ 47.50 0
3 GM Bui Vinh 2458 VIE 1 0 * ½ ½ ½ ½ 1 1 1 ½ ½ 1 8 44.50 0
4 GM Nguyen Anh Dung 2479 VIE ½ ½ ½ * ½ ½ ½ ½ ½ 1 1 1 1 8 43.00 0
5 IM Goh Wei Ming, Kevin 2449 SIN 0 ½ ½ ½ * ½ ½ 1 1 ½ 0 0 1 6 33.50 ½
6 GM Zaw Win Lay 2377 MYA 0 ½ ½ ½ ½ * ½ ½ ½ ½ 1 ½ ½ 6 33.50 ½
7 GM Sriram Jha 2410 IND ½ 0 ½ ½ ½ ½ * ½ ½ ½ 0 ½ 1 5½ 31.00 0
8 IM Myo Naing 2317 MYA 0 ½ 0 ½ 0 ½ ½ * ½ ½ 1 1 ½ 5½ 28.75 0
9 IM Aung Aung 2333 MYA 0 ½ 0 ½ 0 ½ ½ ½ * 1 ½ ½ ½ 5 27.25 0
10 IM Mok Tze Meng 2363 MAS 0 0 0 0 ½ ½ ½ ½ 0 * 1 1 1 5 22.50 0
11 FM Mynn Htoo 2327 MYA 0 0 ½ 0 1 0 1 0 ½ 0 * ½ 1 4½ 22.50 0
12 FM Htun Htun Than 2363 MYA 0 ½ ½ 0 1 ½ ½ 0 ½ 0 ½ * 0 4 24.75 0
13 FM Htun Lynn Kyaw 2321 MYA 0 0 0 0 0 ½ 0 ½ ½ 0 0 1 * 2½ 12.25 0


Monday, September 19, 2011

စစ်တုရင် အဖွဲ့ချုပ် ရန်ပုံငွေ ကုန်စည် ပြပွဲကြီး

စစ်တုရင် အဖွဲ့ချုပ် ရန်ပုံငွေ ကုန်စည် ပြပွဲကြီး၌ အနုပညာရှင်များ ဖျော်ဖြေ တင်ဆက်မှု ပါဝင်မည်

မြန်မာနိုင်ငံ၏ အကြီးမားဆုံး ကုန်စည်ပြပွဲကြီး (Myanmar Amazing Expo' 2011) ကို မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ရန်ပုံငွေ အဖြစ် ကျင်းပမည် ဖြစ်ကြောင်း ၃ဝ-၈-၂ဝ၁၁ ရက်တွင် MGB Business Group မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ အဆိုပါ ကုန်စည် ပြပွဲကြီးကို သီတင်းကျွတ် အထူး ကုန်စည် ပြပွဲကြီး အဖြစ် အောက်တိုဘာလ ၈ ရက်မှ အောက်တိုဘာလ ၁၂ ရက် အထိ ငါးရက် တိုင်တိုင် ရန်ကုန်မြို့ သုဝဏ္ဏအမျိုးသား အားကစား ပြိုင်ပွဲရုံ(၁)၌ MGB Business Group က ကြီးမှူး ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
''အခု ကုန်စည်ပြပွဲက စစ်တုရင် အဖွဲ့ချုပ်  ရန်ပုံငွေ အတွက် ပထမဆုံး ကျင်းပတဲ ကုန်စည် ပြပွဲပေါ့၊ ဒီပွဲမှာ အရောင်းပြခန်း၊ ဆိုင်ခန်းပေါင်း ၄ဝဝကျော် ပါမယ်၊ အဲ့ဒီ ဈေးရောင်းပွဲတော်မှာ အကြီးဆုံး ပစ္စည်း ဖြစ်တဲ့ ကားကနေ စပြီး ကွန်ပျူတာ နဲ့ ဆက်စပ်တဲ့ ပစ္စည်းတွေ၊ ဆေးဝါး ဆေးရုံသုံး ပစ္စည်းတွေ၊ ကင်မရာတို့၊ မိုဘိုင်းဖုန်းတို့၊ အလှပြင် ပစ္စည်းနဲ့ ပတ်သက်တာတွေ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လိုအပ်တဲ့ အတွင်းပိုင်း၊ အပြင်ပိုင်း ပြင်ဆင်မှု အတွက် လိုအပ်တဲ့ ပစ္စည်းတွေ၊ လျှပ်စစ်ပစ္စည်းတွေ၊ စားသောက်ကုန်၊ စက်မှုလက်မှု ပစ္စည်းတွေကို သူ့နေရာနဲ့ သူ စနစ်တကျ ပြသွားဖို့ စီစဉ်ထားတယ်။
ဒါ့ပြင် ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ကလည်း  တင်ဆက်သူ အနေနဲ့ ပါဝင်ဖို့ ရှိတယ်''ဟု ယင်းက ပြောကြားသည်။  အဆိုပါ ကုန်စည်ပြပွဲကြီးသို့ လာရောက်သည့် ပရိသတ် အထူး စည်ကားမှု ရှိစေရန် Main Stage ကြီး တစ်ခု နှင့် Indoor Stage တစ်ခုကို ထားရှိမည် ဖြစ်ပြီး Indoor Stageတွင် နံနက် ၁ဝ နာရီ မှ နေ့လယ် ၁၂ နာရီ အထိ တစ်ကြိမ်၊ ညနေ ၃ နာရီ မှ ည ၉ နာရီ အထိ တစ်ကြိမ်Model Show ပြိုင်ပွဲ၊  Dancer အကပြိုင်ပွဲ နှင့် Main-sponsor , Co-sponsor တို့၏ အမှတ်တံဆိပ် ကြော်ငြာရှိုး တင်ဆက်မှုများကို နေ့စဉ် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် Main Stage ၌ ညနေ ၆ နာရီ မှ ည ၉ နာရီ အထိ နိုင်ငံကျော် အဆိုတော်များ၏ အထူး ဖျော်ဖြေ တင်ဆက်မှုများကို ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။     

Champion Challenge Cup Tournament 2011


ပထမအကြိမ် နေပြည်တော်တွင်  ကျင်းပနေသော Champion Challenge Cup Tournament 2011 စစ်တုရင် ပြိုင်ပွဲ အမျိုးသားပြိုင်ပွဲများ (ရိုးရာနှင့် နိုင်ငံတကာ) ပြိုင်ပွဲများ ကိုစက်တင်ဘာ ၁၆ ရက် နေ့က  အားကစားဝန်ကြီးဌာနရုံး  စုပေါင်းခန်းမတွင် ကျင်းပပြီးဆုံးခဲ့ကြောင်းသိရသည်။ 
 အပြည်ပြည်ဆိုင်ရာ စစ်တုရင် ပြိုင်ပွဲ (အမျိုးသား)  တစ်ဉ်ီးချင်းပြိုင်ပွဲတွင် ကျော်ကျော်စိုး (ရန်ကုန်) က ပထမ၊ လှိုင်မြင့်သူ စစ်တွေ) က  ဒုတိယ၊ အောင်မျိုးမင်း (ကျိုင်းတုံကလပ်) က  တတိယ ဆုတို့ကို အသီးသီးရရှိခဲ့ပါသည်။ကျော်မျိုး (မော်လမြိုင်) က စတုတ္ထ၊ ကျော်လေးထိုက် (မန္တလေး) က  ပဉ္စမ၊  အောင်ဇော်မိုး (ထားဝယ်) က ဆဌမ ဆုတို့ကို ရရှိခဲ့ပါသည်။
    အပြည်ပြည်ဆိုင်ရာ စစ်တုရင် ပြိုင်ပွဲ (အမျိုးသား)  အသင်း လိုက်ပြိုင်ပွဲတွင်လည်း ပထမ ရန်ကုန်ကလပ်၊ ဒုတိယ မော်လမြိုင်ကလပ် နှင့် တတိယ ကို စစ်တွေကလပ် ကရရှိခဲ့ကြောင်း သိရပါသည်။ ထပ်မံယှဉ်ပြိုင်သော ပြိုင်ပွဲများဖြစ်သော  မြန်မာ့ရိုးရာ စစ်တုရင်  (အမျိုးသား) တစ်ဦးချင်းပြိုင်ပွဲတွင် မောင်မောင်လတ် (ရန်ကုန်ကလပ်) က ပထမ၊ ငြိမ်းချမ်း  (ပုသိမ်ကလပ်) က ဒုတိယဆုနှင့် နေဦးကျော်ထွန်း (မန္တလေးကလပ်) က တတိယဆု တို့ကို အသီးသီးရရှိခဲ့ပြီး မြန်မာ့ရိုးရာ စစ်တုရင် (အမျိုးသား) အသင်းလိုက်ပြိုင်ပွဲတွင် ရန်ကုန်ကလပ်က ပထမ၊ ပုသိမ် ကလပ်က ဒုတိယဆုနှင့် မန္တလေးကလပ် က တတိယဆုတို့ကို ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ 

၁။ ပြိုင်ပွဲကျင်းပမည့်စနစ်

   အပြည်ပြည်ဆိုင်ရာ  စစ်တုရင် (ကျား) (မ) ပြိုင်ပွဲ၊ မြန်မာ့ရိုးရာ စစ်တုရင် (ကျား) ပြိုင်ပွဲများကို  တစ်ဦးချင်းနှင့် အသင်းလိုက် တစ်ပြိုင်နက်တည်း အရောပုံစံဖြင့် ပြုလုပ်မည်ဖြစ်သည်။ ပြိုင်ပွဲဝင် အသင်းတစ်သင်းစီမှ အားကစားသမား နှစ်ဦး၏တစ်ဦးချင်းရရှိသော အဆင့်ပေါင်းလဒ်ကို အသင်းလိုက်အတွက် တွက်ချက်မည်။ အဆင့်ပေါင်းလဒ် အနည်းဆုံးသည် ပထမဖြစ် သည်။

အဆင့်ပေါင်းလဒ်အနည်းဆုံးသည် ပထမဖြစ်သည်။ အဆင့်ပေါင်းလဒတူညီပါက တစ်ဦးချင်း အဆင့်မြင့်မားသောသူသည် အနိုင်ဖြစ်သည်။
 (က) အပြည်ပြည်ဆိုင်ရာ စစ်တုရင် (ကျား) ပြိုင်ပွဲကို (၇) ချီ ဆွစ်စနစ်ဖြင့် ပြုလုပ်မည်။
  (ခ)  အပြည်ပြည်ဆိုင်ရာ စစ်တုရင်  (မ) ပြိုင်ပွဲကို (၅) ချီ ဆွစ်စနစ်ဖြင့်ပြုလုပ်မည်။
  (ဂ)  မြန်မာ့ရိုးရာ စစ်တုရင် (ကျား)ပြိုင်ပွဲကို (၇) ချီ ဆွစ်စနစ်ဖြင့် ပြုလုပ်မည်။

 ၂။ ပွဲစဉ်နှင့် အချိန်စာရင်း

     သီးသန့်ကြေငြာထားပါသည်။ စောင့်ဆိုင်းချိန် (မိနစ် ၃၀) ဖြစ်သည်။

from www.chessdom.com မှ မြန်မာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော စစ်တုရင်ပြိုင်ပွဲ

Campomanes Memorial Yangon International Open

5-12 July 2011 in Yangon, Myanmar - Report by Peter Long

Myanmar is a beautiful country that is at the start of a transition from a long Military dictatorship and so there are naturally some limitations in terms of infrastructure but it is surprisingly modern with all the conveniences the world is used to. It is one of the safest places in the world, with the largely Buddhist population courteous, kind and helpful to foreigners who they consider their guests.
The organisers led by Maung Maung Lwin, President of the Maynmar Chess Federation and Member of the Central Executive Sports Committee of the Myanmar National Sports Committee left no stone unturned to make the event a success.
Serving also as Chief Arbiter, Maung who is also an active and hands-on International Arbiter and so did the pairings while first entertaining the FIDE General Secretary who wanted to enjoy the nightlife before also hosting the later arriving FIDE President who managed to get in some sightseeing in between having quick meetings with the Minister of Sports after the Prize Giving & Closing Ceremony and then a senior representative of the Minister of Education.
Yangon Opening Ceremony
Opening ceremony