Tuesday, May 21, 2013

နော်ဝေးစစ်တုရင်ပြိုင်ပွဲ ၂၀၁၃ (ကာယာကင် ဗိုလ်စွဲ)

နော်ဝေးစစ်တုရင်ပြိုင်ပွဲ ၂၀၁၃ကို မေလ(၇)ရက်နေ့မှ မေလ(၁၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ နော်ဝေးစစ်တုရင်ပြိုင်ပွဲသည် ယခုနှစ်တွင်မှ စတင်ကျင်းပသည့်စူပါအဆင့်ပြိုင်ပွဲဖြစ်သည်။
     ပြိုင်ပွဲတွင် ကမ္ဘာကျော်စစ်တုရင်ကစားသမားများအပါအ၀င် (၁၀)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။ ပြိုင်ပွဲအဆင့်အတန်း ၂၁ (Category XXI  =  2766) ရှိပြီး Supreme Masters အဆင့်ဖြစ်ပါသည်။
     ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၁၀) ကာယာကင်(Karjakin)က အိမ်ရှင်နော်ဝေးနိုင်ငံသား ကမ္ဘာ့အဆင့်(၁) ကာဆန်၊ လက်ရှိကမ္ဘာ့စစ်တုရင်ချန်ပီယံ အနန်းတို့ကို ကျော်ဖြတ်ပြီး ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။

ကစားပွဲအချို့ရဲ့ နောက်ဆုံးအခြေအနေ(အကွက်)ကို ဖော်ပြပေးလိုက်ပါတယ်။

ဒီမှာဒေါင်းပါ။



ဒီမှာဒေါင်းပါ။

ဒီမှာဒေါင်းပါ။


ဒီမှာဒေါင်းပါ။

(၃၈)ကြိမ်မြောက် ဝန်ကြီးဌာနပေါင်းစုံ စစ်တုရင်ပြိုင်ပွဲ (၁၆-၂၄၊ မေလ၊ ၂၀၁၃ခုနှစ်)

(14.5.2013, Tuesday)
     အားကစားဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာ
နိုင်ငံ စစ်တုရင် အဖွဲ့ချုပ်တို့မှ ကြီးမှူးကျင်းပသည့် (၃၈)ကြိမ်မြောက် ဝန်ကြီး
ဌာနပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို မေလ (၁၆)ရက်နေ့မှ (၂၄)ရက်နေ့အထိ
ရန်ကုန်မြို့ရှိ အောင်ဆန်းအားကစားပြိုင်ပွဲဝင်း မိုးလုံလေလုံအားကစားရုံ
တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးဌာနများမှ စစ်တုရင်
အသင်းများအနေဖြင့် မေလ (၁၄)ရက်နေ့၊ နေ့လည် (၁) နာရီတွင် မြန်မာ
နိုင်ငံ စစ်တုရင်အဖွဲ့ချုပ် ရုံးခန်း၌ ပြုလုပ်မည့် အသင်းအုပ်ချုပ်သူများ
အစည်းအဝေးပွဲသို့ တက်ရောက်ပြီး စာရင်းပေးသွင်းရမည် ဖြစ်ပြီး ပြိုင်ပွဲ
တွင် ပထမတန်း အသင်းလိုက်ပြိုင်ပွဲ၊ ဒုတိယတန်း အသင်းလိုက်ပြိုင်ပွဲ၊
တတိယတန်း အသင်းလိုက်ပြိုင်ပွဲနှင့် အမြန်ရွှေ့ အသင်းလိုက်ပြိုင်ပွဲများ
ပါဝင်မည်။

     ကျင်းပပြီးစီးခဲ့သော (၃၇)ကြိမ်မြောက် ဝန်ကြီးဌာနပေါင်းစုံ
စစ်တုရင်ပြိုင်ပွဲတွင် ပထမတန်း အသင်းလိုက်ပြိုင်ပွဲကို ပြည်ထဲရေး
ဝန်ကြီးဌာန၊ ဒုတိယတန်း အသင်းလိုက်ပြိုင်ပွဲတွင် လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာန တတိယတန်း အသင်းလိုက် ပြိုင်ပွဲကို ပတ်ဝန်း
ကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ အမြန်ရွှေ့ ပြိုင်ပွဲတွင်
ပို့ဆောင်ရေးဝန်ကြီးဌာန စစ်တုရင်အသင်းများတွင် တံခွန်စိုက် ဒိုင်းများ
ရရှိထားပြီး စွယ်စုံတံခွန်စိုက် ဒိုင်းဆုကြီးကို လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်းဝန်ကြီးဌာနက ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ကမ္ဘာ့အကောင်းဆုံး စစ်တုရင် (၃၀)ဦး (၂၀၁၃ခုနှစ် မေလ ထုတ်ပြန်ချက်)


ကမ္ဘာ့ အကောင်းဆုံး စစ်တုရင် (၃၀)ဦး (ဧပြီလ၊ ၂၀၁၃ခုနှစ်)


Sunday, March 3, 2013

Chess Mate in Two moves (စစ်တုရင် ပဟေဠိ)

ပဟေဠိ ၁
ပဟေဠိ ၁။                       www.myanmarchessnews.info

Thursday, February 14, 2013

ကမ္ဘာ့ အကောင်းဆုံး စစ်တုရင် (၃၀)ဦး (၂၀၁၃ခုနှစ် ဇန်န၀ါရီလ ထုတ်ပြန်ချက်)

ကမ္ဘာ့စစ်တုရင် အဖွဲ့ချုပ်၏ (၁)လလျှင် တစ်ခါထုတ်ပြန်ပေးနေသော ကမ္ဘာ့အဆင့်သတ်မှတ်ချက်များ ဖြစ်ပါသည်။ ယခင်က (၂)လလျှင် တစ်ခါသာ ထုတ်ပြန်ပေးခဲ့သော်လည်း ၂၀၁၂ခုနှစ်၊ သြဂုတ်လမှစတင်ပြီး တစ်လတစ်ခါထုတ်ပြန်ပေးနေသော ကမ္ဘာ့အဆင့်(၁၀၀)ထဲမှ ထိပ်ဆုံး(၃၀)ဦးကိုသာ ဖော်ပြပေးနေခြင်းဖြစ်ပါသည်။