Tuesday, December 18, 2012

အင်တာနက်ပေါ်မှ မြန်မာ့ရိုးရာ စစ်တုရင်

ရှေးမြန်မာ ဘုရင်များ လက်ထက် က တွင်ကျယ်စွာ ကစားခဲ့တဲ့ မြန်မာ စစ်တုရင် ကစားနည်း ကို ဒီနေ့မှာတော့ အင်တာနက်ပေါ်မှာ ကစားလို့ရနေပါပြီ။ အခုခေတ်မှာတော့ ဒီကစား နည်းကို ကစားလေ့ မရှိတော့ ရုံမက ကစား နည်းတောင် မသိကြတော့ သူတွေကိုလည်းတွေ့မြင် လာရ ပါတယ်။
လူသိပ် မသိတော့တဲ့ မြန်မာ့ရိုးရာ ဓလေ့တစ်ခု အခုလို အွန်လိုင်းပေါ်မှာ တစ်ယောက် နဲ့တစ်ယောက် ကစားလို့ရတဲ့ Application တစ်ခုအဖြစ် ပေါ်ထွက် လာတာ ဖြစ်ပါတယ်။
မြန်မာ စစ်တုရင်နဲ့ Chess ဘာကွာလဲဆိုတာ ကိုတော့ အဆိုပါ ဆိုက်ရဲ့ Facebook စာမျက်နှာမှာ ရှင်းပြ ထားပါတယ်။ ဒီ Application မှာ ကစားနည်း ကို ပုံလေးတွေနဲ့ နားလည်လွယ်အောင် ရှင်းပြထားတာတွေ့ရပါတယ်။ ကစား နည်းရှင်းပြချက်ကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ရှင်းပြပေးထားပါတယ်။ ဂိမ်းအရုပ်လေးတွေကို 2D သို့မဟုတ်3D ရွေးချယ်ကြည့် ရှုနိုင်ပါတယ်။ အခြား သော Facebook Application Game များလို Flash နည်းပညာ အသုံးပြုထား ပါတယ်။
ဒီဂိမ်းနဲ့ပတ်သက်ပြီးhttp:// www.facebook.com/pages/ Myanmar -Sittuyin-Online-Game/တွင် ဖတ်ရှု၊ အကြံပြု ဆွေးနွေးနိုင်ပြီး ကစားကြည့် ချင်တယ် ဆိုရင်တော့ http://www. sittuyin.com မှာ ဝင်ရောက်ကစားနိုင် သလို facebook မှာဆိုရင်တော့ http://apps.facebook.com/ sittuyin/ မှာ ကစားနိုင်ပါတယ်။

Source: http://www.myawady.com.mm

(၂၇)ကြိမ်မြောက် ဆီးဂိမ်း စစ်တုရင် ကစားနည်း အောင်ပွဲရရေး ကြိုတင်လေ့ကျင့် ပြင်ဆင်

(၂၇)ကြိမ်မြောက် ဆီးဂိမ်း စစ်တုရင် ကစားနည်း အောင်ပွဲရရေး ကြိုတင်လေ့ကျင့် ပြင်ဆင်

Written by   
      
ရန်ကုန် ဒီဇင်ဘာ ၁၃
အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ (ဆီးဂိမ်း) များကို ၁၉၅၉ ခုနှစ်မှစ၍ ကျင်းပ လာခဲ့ရာ ယခု (၂၇) ကြိမ်မြောက် ဆီးဂိမ်းကို မြန်မာ နိုင်ငံတွင် လက်ခံ ကျင်းပမည် ဖြစ်သည်။
အောင်ဆန်း အားကစား ပြိုင်ဝင်းရှိ  မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်၌ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး နှစ်ဦး စုစုပေါင်း ၁၅ ဦး စက်တင်ဘာ ၁ ရက်မှစ၍  စခန်းဝင် လေ့ကျင့်လျက် ရှိသည်။
(၂၇)ကြိမ်မြောက် ဆီးဂိမ်းတွင် စစ်တုရင် အားကစားနည်း ငါးမျိုး ပါဝင် ယှဉ်ပြိုင်မည် ဖြစ်ရာ အပြည်ပြည် ဆိုင်ရာ စစ်တုရင်၊ ကျပန်း စစ်တုရင်၊ အမြန်ရွှေ့ စစ်တုရင်၊ အာဆီယံ စစ်တုရင်နှင့် မြန်မာ့ရိုးရာ စစ်တုရင် အားကစား နည်းတို့ဖြစ်ကြောင်း သိရသည်။